DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များ အင်းတော်တွင် တိုက်ပွဲဖြစ်
DVB
·
October 22, 2026
Phot၀: NY
Phot၀: NY
Donate to DVB

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ဒီနေ့ အောက်တိုဘာ ၂၂ ရက်မှာ တိုက်ပွဲဆက်ဖြစ်နေသလို စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်ဆီက သိရပါတယ်။

အင်းတော်မြို့ ကျောင်းကုန်းလမ်းဆုံ မရောက်ခင် ၄ မိုင်အကွာမှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဟာ အင်းတော်မြို့ မန္တလေး-မြစ်ကြီးနားလမ်းကို ထိန်းချုပ်လိုတာကြောင့် ကျောင်းကုန်းအထိ ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က “ဒီနေ့မနက် Y 12 တွေနဲ့ပတ်ကြဲနေတာ။ လေယာဉ်တွေကတော့ နေ့တိုင်းလို လာကြဲနေတာ။ သူတို့ အရမ်းအထိနာနေတယ်။ တော်တော်လေးသေနေတယ်။ သူတို့က ကျောင်းကုန်းကို ထိန်းချုပ်နိုင်ပြီဆိုတာနဲ့ အင်းတော်-မြစ်ကြီးနား ကားလမ်းကို သူတို့ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတယ်”လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ အင်းတော်မြောက်ပိုင်း အင်းတော်ကနေ မော်လူးအထိ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းကို ထိန်းချုပ်ထားပြီး လက်ရှိ အင်းတော်တောင်ဘက် မန္တလေး-မြစ် ကြီးနားလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားလာတာကြောင့် ကျောင်းကုန်းမရောက်ခင် ဂျုံးဂျုံးကျရွာ ၁ မှာ တိုက်ပွဲဖြစ်နေတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကနေ ထီးချိုင့်-ကသာ မှတဆင့် အင်းတော်မြို့နယ်ကို စက်တင်ဘာ ၃ ရက်မှာ ရောက်လာပြီးနောက် စက်တင်ဘာ ၄ ရက်ကတည်းက ဒီနေ့အထိ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013