DVB Logo
Home
နိုင်ငံတကာ
လန်ဒန်ရှိ အီရန်သံရုံးရှေ့၌ လူ ၁,၀၀၀ ကျော် ဆန္ဒပြ
DVB
·
January 18, 2026
လန်ဒန်ရှိ အီရန်သံရုံးရှေ့၌ လူ ၁,၀၀၀ ကျော် ဆန္ဒပြ
Donate to DVB

ယူကေနိုင်ငံ၊ လန်ဒန်မြို့ရှိ အီရန်သံရုံးရှေ့မှာ ဇန်နဝါရီ ၁၇ ရက်က လူပေါင်း ၁,၀၀၀ ကျော် စုဝေးခဲ့ပြီး အီရန်မှာ လွတ်လပ်ဖို့ လိုအပ်တယ်လို့တောင်းဆို  ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်တဲ့ ဒေါက်တာထရန်ဆီရီက  “အီရန်မှာရှိတဲ့ မိသားစုဆီက အဆက်အသွယ် မရတာ တပတ်ရှိပါပြီ။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ကျမတို့ မသိပါဘူး။ သူတို့တွေ သေလား ရှင်လားလည်း မသိရသေးဘူး။ ဒါပေမဲ့ သူတို့နဲ့အတူ ရှိတယ်ဆိုတာ ကျမတို့ ပြသမှာပါ။ ကျမတို့ဟာ သူတို့ရဲ့ အသံတွေပါပဲ” လို့ ပြောပါတယ်။

လန်ဒန်မြို့ ဆန္ဒဖော်ပြပွဲမှာ ခြင်္သေ့နဲ့ နေ ပုံစံပါဝင်တဲ့ အီရန်တော်လှန်ရေးအလံတွေကို လွှင့်ထူပြီး အီရန် လွတ်မြောက်ပါစေ ဆိုတဲ့ သီချင်းတွေ သီဆိုခဲ့ပါတယ်။

အီရန်နိုင်ငံမှာ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အင်တာနက် ဖြတ်တောက်ထားမှုတွေကြောင့် သတင်းရယူမှု ခက်ခဲနေပါတယ်။

စနေနေ့မနက်ပိုင်းက နာရီအနည်းငယ် အင်တာနက်ပြန်ရခဲ့ပေမဲ့ ပြန်လည်ပြတ်တောက်ခဲ့တယ်လို့ စောင့်ကြည့်ရေးအဖွဲ့တွေက ဆိုပါတယ်။

အီရန်ရဲ့ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီက ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ပြစ်တင်ပြောဆိုထားပါတယ်။

အီရန်ဆန္ဒပြပွဲတွေမှာ လူသေဆုံးမှု ၃,၀၀၀ ကျော်ပြီလို့ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တွေက ပြောပါတယ်။ 

အီရန်နိုင်ငံမှာ စီးပွားရေးအကျပ်အတည်းတွေကြောင့် ဒီဇင်ဘာ ၂၈ ရက်ကစပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲတွေက အီရန်နိုင်ငံမှာ ဘာသာရေးစည်းမျဉ်းအခြေခံတဲ့ အုပ်ချုပ်မှုတွေ အဆုံးသတ်ဖို့အထိ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013