DVB Logo
Home
နိုင်ငံတကာ
နယူးယောက်မြို့ရှိ Pokémon ကတ်ဆိုင်ကို ဝင်ရောက်လုယက်မှုဖြစ်ပွား
DVB
·
January 17, 2026
နယူးယောက်မြို့ရှိ Pokémon ကတ်ဆိုင်ကို ဝင်ရောက်လုယက်မှုဖြစ်ပွား
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဇန်နဝါရီ ၁၄ ရက်က The Poke Court အမည်ရှိ ပိုကီမွန်ကတ် စတိုးဆိုင်တဆိုင်မှာ ကတ်အလှဆင်တဲ့အခမ်းအနားတခုလုပ်နေတုန်း လက်နက်ကိုင် ဓားပြတွေက ဆိုင်ထဲဝင်လာပြီး ရဲရဲတင်းတင်းပဲ ဖောက်ထွင်းခိုးယူသွားကြပါတယ်။

စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရ ရာဇဝတ်မှုဖြစ်ပွားနေချိန်မှာ အခမ်းအနား တက်ရောက်သူ အယောက် ၄၀ ကျော်လောက် ရှိနေတာဖြစ်ပြီး လက်နက်ကိုင်ဓားပြတွေဟာ ကုန်ပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်း ထုပ်ပိုးယူဆောင်နေပြီး ထိတ်လန့်နေတဲ့ ဧည့်သည်တွေနဲ့ ဝန်ထမ်းတွေဟာ အံ့ဩတကြီး ဝိုင်းကြည့်နေကြတာပါ။ 

“ကျနော်တို့ ပိုကီမွန်ကို နှစ်သက်ပါတယ်၊ ဒါပေမဲ့ ဘယ်ကတ်ကြောင့်နဲ့မှ အသက်ဆုံးရှုံးရမှာမျိုးကတော့ မတန်ပါဘူး” လို့ ဆိုင်ပိုင်ရှင်က ပြောပါတယ်။ 

ဒေါ်လာ ၁ သိန်းကျော် တန်ဖိုးရှိတဲ့ကုန်ပစ္စည်းတွေကို ယူဆောင်သွားတဲ့ သံသယရှိသူတွေကို ရဲတွေ ဖမ်မမိသေးဘူးလို့ ဒေသခံ WABC ရုပ်သံသတင်းဌာနက ဖော်ပြပါတယ်။

ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်မှာ နယူးယောက်စီးတီးရှိ တခြားပိုကီမွန်ကတ်ဆိုင်တွေကိုလည်း လုံခြုံရေးအစီအမံတွေ တိုးမြှင့်ထားကြောင်း WABC က ပြောပါတယ်။ 

ဂျပန်နိုင်ငံက ဖန်တီးထားတဲ့ ကမ္ဘာကျော် ဖျော်ဖြေရေး အမှတ်တံဆိပ် ပိုကီမွန်ဟာ ကမ္ဘာအနှံ့ လူသိများတဲ့ ဂိမ်း၊ ကာတွန်း၊ ကတ်တွေ ပါဝင်တဲ့ ဖျော်ဖြေရေးကမ္ဘာကြီး ဖြစ်ပါတယ်။

ပိုကီမွန်ကတ်တွေကို အသုံးပြုပြီး ကစားနိုင်သလို စုဆောင်းမှုလည်း လုပ်ကြပါတယ်။ ရှားပါးကတ်တွေက တန်ဖိုးအရမ်းမြင့်ပါတယ်။

အများအားဖြင့် ပိုကီမွန်ကတ်တွေဟာ ပြန်ရောင်းလို့လွယ်ကာ ခြေရာခံရခက်တာကြောင့် လုယက်ကြတာပါ။

အထူး ကန့်သတ်ထုတ် ရှားပါးကတ်တွေဟာ စုဆောင်းသူတွေကြားမှာ အလွန်တောင်းဆိုမှုများပြားပြီး ပိုကီမွန်ကို လူကြိုက်များလာတာနဲ့အမျှ စုဆောင်းသူအသစ်တွေ များလာပြီး တချို့ ကတ်တွေဟာ ဒေါ်လာထောင်ဂဏန်း၊ တချို့က သိန်းချီတဲ့ တန်ဖိုးရှိတတ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013