DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာများကို ပိုမိုစစ်ဆေးဖမ်းဆီးနေ 
DVB
·
January 17, 2026
မဲဆောက်တွင် တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာများကို ပိုမိုစစ်ဆေးဖမ်းဆီးနေ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မြဝတီတဘက်ကမ်းက မဲဆောက်မြို့မှာ မြန်မာနိုင်ငံသားတွေနေထိုင်ရာ တန်းလျားတွေ၊ စျေးဆိုင်ခန်းတွေနဲ့ အလုပ်လုပ်ကိုင်ရာနေရာတွေကို ထိုင်းအာဏာပိုင်တွေက ပိုပြီး စစ်ဆေးဖမ်းဆီးနေတယ်လို့ မြို့ခံမြန်မာအသိုက်အဝန်းကနေ  သိရပါတယ်။

အထောက်အထားမဲ့ နေထိုင်သူတွေနဲ့ ဥပဒေပြင်ပအလုပ်လုပ်ကိုင်သူတွေကို  စစ်ဆေးတာနဲ့ စည်းကမ်းတင်းကျပ်တာတွေ ပိုလုပ်လာတာလို့ မဲဆောက်မှာ အနှစ် ၃၀ ကျော်နေထိုင်လာတဲ့ မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်အဖွဲ့စုံက မဲဆောက်စျေးကို ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားတချို့ လည်း ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ အနီးမှာရှိတဲ့ ထဆိုင်လွတ် အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ အလုပ်သမားတန်းလျားနဲ့လူနေအိမ်တချို့ကိုလည်း ဇန်နဝါရီ ၁၄ ရက် မနက်မှာ ထိုင်းအာဏာပိုင်အဖွဲ့စုံက ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမဲ့နေထိုင်သူ မြန်မာနိုင်ငံသား ၁၀ ယောက်ထက်မနည်းကို ဖမ်းဆီးသွားပါတယ်။

ထဆိုင်လွတ်ရပ်ကွက် ၂ က ရေလယ်ကျွန်းမှာ မြန်မာပြည်သားတွေ ကျူးကျော်နေထိုင်နေတယ်လို့ တိုင်ကြားသူရှိတဲ့အတွက် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနဆိုင်ရာတွေ  ပူးပေါင်းပြီး ကွင်းဆင်းစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

နယ်စပ်ကပျံကျဈေးဟာ နှစ်နိုင်ငံဈေးသည်တွေက  ထိုင်းခရီးသွားတွေအတွက် အကောက်ခွန်လွတ် ဆေးလိပ်၊ အရက်နဲ့ တခြားစားသောက်ကုန်တွေ၊ အမှတ်တရလက်ဆောင်ပစ္စည်းတွေ ရောင်းချတဲ့ နေရာ ဖြစ်ပါတယ်။ 

နယ်စပ်ဈေးနားက ရေလယ်ကျွန်းမှာတော့ မြန်မာရွှေ့ပြောင်းသူတွေက နေအိမ်၊ စာသင်ကျောင်းတွေ ဆောက်လုပ်ထားသလို စိုက်ပျိုးပင်တွေလည်း ရှိနေပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၁၄ ရက်​ ည ၁၀ နာရီခွဲလောက်မှာပဲ   မဲဆောက်ကနေ ထိုင်းနိုင်ငံမြို့ကြီးတွေဆီကို အလုပ်သွားရှာလုပ်ကြမဲ့ မြန်မာ​ရွှေ့ပြောင်း အလုပ်သမား ၂၃ ယောက်ဟာ  တာခ်ခရိုင်အဝင် ​နောင်ဘ​ဝေါရွာအနီးမှာ ထိုင်းလဝက၊ ရဲ၊ စစ်တပ်နဲ့ ဌာနဆိုင်ရာတွေရဲ့ ပူး​ပေါင်းဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေကို နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းဥပ​ဒေအတိုင်း အ​ရေးယူဖို့ တာခ်ခရိုင် မဲ့​​ထော်ရဲစခန်းကို လွှဲပြောင်း​ပေးထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံသား တယောက်က ပြောပါတယ်။

မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ခွင့်မရှိတဲ့  အလုပ်တွေကို ကိုယ်ပိုင်လုပ်ငန်းနဲ့ လုပ်နေတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့ အလုပ်သမားရှာဖွေရေးဝန်ထမ်းတွေနဲ့ ထိုင်းဌာနဆိုင်ရာတို့မှပူးပေါင်းပြီး ဇန်နဝါရီ ၁၅ ရက်က စတင်ဖမ်းဆီးနေတယ်လို့ တာခ် ခရိုင်လဝက သတင်းမှာ ရေးပါတယ်။

မြန်မာရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းတွေလုပ်တာ၊ စိန်၊ ရွှေ၊ ရတနာ နဲ့ ပန်းထိမ်လုပ်ငန်းတွေလုပ်တာ၊  ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်စတဲ့ ဆိုင်တွေမှာ ဈေးဆိုင်အကူလုပ်တာ၊ ဆံပင်ညှပ်၊ တက္ကစီမောင်း၊ ဧည့်လမ်းညွှန်နဲ့ လမ်းဘေးဈေးရေ ာင်းတာ အပါအဝင်  ခွင့်ပြုမထားတဲ့ အလုပ်အကိုင် အမျိုးအစား ၂၀ ကျော်ကို  လုပ်ကိုင်နေတာ စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးအရေးယူခံရမှာဖြစ်ပါတယ်။

ထိုင်းရောက် မြန်မာများအနေဖြင့် ဒေသန္တရဥပဒေများကို လိုက်နာရန်နှင့် အိမ်ရှင်ထိုင်းလူမျိုးများ၏ ဓလေ့ထုံးတမ်းများကို လေးစားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သတိပေးချက် ထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013