DVB Logo
Home
နိုင်ငံတကာ
ဆိုးလ်မြို့ ဆင်းရဲသားရပ်ကွက် မီးလောင်မှုကြောင့်  ဒေသခံ ၂၅၈ ဦးကို ရွှေ့ပြောင်း 
DVB
·
January 17, 2026
ဆိုးလ်မြို့ ဆင်းရဲသားရပ်ကွက် မီးလောင်မှုကြောင့်  ဒေသခံ ၂၅၈ ဦးကို ရွှေ့ပြောင်း 
Donate to DVB

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်၊ ဂန်းနမ်ခရိုင်ရှိ ဆင်းရဲသားရပ်ကွက်မှာ ဇန်နဝါရီ ၁၆ ရက် အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြီးကို ထိန်းချုပ်နိုင်ခဲ့ပြီး ၈ နာရီလောက်အကြာမှာတော့ လုံးဝ မီးငြှိမ်းသတ်နိုင်ခဲ့ပြီလို့  မီးသတ်အရာရှိတယောက်က ပြောပါတယ်။

မနက် ၅ နာရီကျော်ချိန်လောက်မှာ  လောင်ကျွမ်းခဲ့တဲ့ မီးကို နေ့လယ် ၁ နာရီ ၂၈ မိနစ်မှာ လုံးဝငြှိမ်းသတ်နိုင်ခဲ့တာဖြစ်ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ပြောတယ်။

ထိခိုက်ဒဏ်ရာရသူမရှိပေမဲ့  ဂူယောင်းရွာရဲ့ မီးဘေးသင့်ဒေသမှာ နေထိုင်သူ ၂၅၈ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ 

မီးငြှိမ်းသတ်ဖို့ မီးသတ်သမား ၃၂၄ ယောက်နဲ့ မီးသတ်ယာဉ် ၁၀၆ စီးကို စေလွှတ်ခဲ့ပြီး မနက်ခင်းပိုင်း မြို့တွင်းမှာ မြူခိုးတွေနဲ့ အမှုန်အမွှားတွေ ဖုံးလွှမ်းနေချိန်မှာ ရဟတ်ယာဉ်တစင်းကိုလည်း စေလွှတ်ခဲ့ပါတယ်။ 

ဂူယောင်းရွာဟာ ပျက်စီးယိုယွင်းနေတဲ့ အိမ်ရာတွေ စုဝေးရာနေရာတခုဖြစ်ပြီး အဲဒီနေရာကို အထပ်မြင့်အိမ်ရာတွေအဖြစ် ပြန်တည်ဆောက်ဖို့ စီစဉ်ထားတာပါ။

ဂန်နမ်ခရိုင်မြို့တော်စီမံကိန်းဌာနရဲ့ အဆိုအရ ပြန်လည်တည်ဆောက်ရေးအတွက် ဂူယောင်းမှ ဒေသခံ အများအပြား ပြောင်းရွှေ့သွားကြပေမဲ့ အိမ်ထောင်စု ၃၃၆ စုလောက် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013