
တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်ဆိုးလ်ရဲ့ မြို့ပြဧရိယာကို ဝန်ဆောင်မှုပေးနေတဲ့ အီလက်ထရွန်းနစ် ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီ ကူပန်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးစင်တာမှာ ၅၂ နာရီကျော် မီးလောင်ကျွမ်းပြီးတဲ့နောက် အရပ်သားတွေ ထိခိုက်သေဆုံးမှု မရှိသေးဘူးလို့ ဆိုးလ်မြို့တော် အာဏာပိုင်တွေက ဇူလိုင် ၂၀ ရက်မှာ ပြောပါတယ်။
အဆောက်အအုံရဲ့ အစိတ်အပိုင်းတွေ ပြိုကျနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အနီးအနားက စီးပွားရေးလုပ်ငန်းတွေနဲ့ စက်ရုံတွေကို ဘေးလွတ်ရာဆီရွှေ့ဖို့ အမိန့်ပေးခဲ့ပါတယ်။
စနေနေ့ မနက်က ဆိုးလ်မြို့အနောက်ဘက် အင်ချွန်းမှာရှိတဲ့ ကူပန်ကုမ္ပဏီရဲ့ အမှတ် ၃၂ ထောက်ပံ့ပို့ဆောင်ရေး ဖြည့်ဆည်းရေးစင်တာရဲ့ ဆဋ္ဌမမြောက်အထပ်မှာ မီးလောင်ခဲ့ပြီး ၇ ထပ်ဆီ ကူးစက် ပျံ့နှံ့သွားခဲ့တယ်လို့ မီးသတ်အာဏာပိုင်တွေက ဆိုပါတယ်။
အဆောက်အအုံထဲက အလုပ်သမားအားလုံးကို ဘေးလွတ်ရာဆီ ဘေးကင်းကင်း ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ကူပန်က ပြောပါတယ်။
မီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အတည်မပြုရသေးပေမဲ့ အိမ်သုံးပစ္စည်းတွေ၊ စက္ကူသေတ္တာတွေနဲ့ ဗီနိုင်းထုပ်ပိုးမှုတွေလို မီးလောင်လွယ်တဲ့ပစ္စည်းတွေ အများကြီးကို စင်တာမှာ သိမ်းဆည်းထားပါတယ်။
မီးလုံးဝငြှိမ်းသတ်ပြီးတဲ့နောက် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးဖို့ စီစဉ်နေပါတယ်။
Source: Reuters











