DVB Logo
Home
နိုင်ငံတကာ
ဆိုးလ်မြို့  ဆင်းရဲသားရပ်ကွက်တွင် မီးအကြီးအကျယ်လောင် 
DVB
·
January 16, 2026
ဆိုးလ်မြို့  ဆင်းရဲသားရပ်ကွက်တွင် မီးအကြီးအကျယ်လောင် 
Donate to DVB

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်တောင်ပိုင်း ဂန်နမ်ခရိုင် တောင်စောင်းရှိ ဆင်းရဲသားရပ်ကွက်ဖြစ်တဲ့ ဂူးယောင်မှာ   အကြီးအကျယ် မီးလောင်ကျွမ်းနေလို့ မီးငြှိမ်းသတ်ဖို့ မီးသတ်သမား ၃၀၀ နီးပါးကို စေလွှတ်ခဲ့ကြောင်း မီးသတ်အရာရှိက ပြောပါတယ်။ 

ဆိုးလ်မြို့ရဲ့ အချမ်းသာဆုံးခရိုင်တွေထဲကတခုဖြစ်တဲ့ ဂန်းနမ်ခရိုင်ရှိ ဂူးယောင်ရွာလို့ လူသိများတဲ့ ဆင်းရဲသား ရပ်ကွက်ဧရိယာမှာ ဇန်နဝါရီ ၁၆ ရက် ဒီမနက် ၅ နာရီ ၁၀ မိနစ်လောက်မှာ မီးစတင် လောင်ကျွမ်းခဲ့တာဖြစ်ပြီး အာဏာပိုင်တွေက မီးဘေးအန္တရာယ်သတိပေးချက်ကို ဒုတိယအမြင့်ဆုံး အဆင့်ကို မြှင့်တင်ခဲ့ပါတယ်။ 

မီးလောင်မှုဟာ အနီးအနားရှိ တောင်တလုံးကို မီးလောင်မှုပျံ့နှံ့သွားမှာကို မီးသတ်သမားတွေက စိုးရိမ်နေတယ်လို့  မီးသတ်အရာရှိက ပြောပါတယ်။

အခုချိန်အထိ ထိခိုက်သေဆုံးမှုသတင်းမရရှိပေမဲ့ လူ ၂၅၀ ကျော်ကို ဘေးလွတ်ရာ ရွေ့ပြောင်းပေးခဲ့ရကာ ဒေသခံ ၂၀၀ လောက် မီးဘေးသင့်ပြီး နေစရာမဲ့ဖြစ်ခဲ့တယ်လို့ တောင်ကိုရီးယား ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။

အခင်းဖြစ်ပွားရာနေရာကို မီးသတ်ကား စုစုပေါင်း ၈၅ စီး စေလွှတ်ခဲ့ပေမဲ့ မြို့တွင်းမှာ မြူခိုးတွေနဲ့ အမှုန်အမွှားတွေ ပျံ့လွင့်ဖုံးလွှမ်းနေတာကြောင့် တာဝန်ရှိသူတွေဟာ ရဟတ်ယာဉ် စေလွှတ်နိုင်ခြင်း မရှိဘူးလို့လည်း ပြောပါတယ်။   

ဂူးယောင်ရွာဟာ ဂန်နမ်ရှိ ပျက်စီးယိုယွင်းနေတဲ့အိမ်ရာတွေ စုဝေးရာနေရာဖြစ်ပြီး ဒါကို အထပ်မြင့်အိမ်ရာတွေအဖြစ် ပြန်လည်တည်ဆောက်ဖို့ စီစဉ်ထားတာပါ။

ဆိုးလ်မြို့မှာ ကျန်ရှိနေသေးတဲ့ အကြီးဆုံး ဆင်းရဲသားရပ်ကွက်အဖြစ် မကြာခဏ ဖော်ပြလေ့ရှိတဲ့ ဂူးယောင်ရွာဟာ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေမှာ အာရှအားကစားပြိုင်ပွဲနဲ့ ဆိုးလ်အိုလံပစ်အတွက် ဆောက်လုပ်ရေးတွေအပါအဝင် အများပြည်သူဆိုင်ရာ စီမံကိန်းတွေကြောင့် ရွှေ့ပြောင်းခံရတဲ့ မိသားစုတွေက ဂန်နမ်အစွန်အဖျားမှာ ခွင့်ပြုချက်မရှိဘဲ အခြေချနေထိုင်ခဲ့ကြရာကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013