DVB Logo
Home
နိုင်ငံတကာ
နယ်သာလန်နိုင်ငံ၊ ယူးထရက်ချ်မြို့၌ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်
DVB
·
January 17, 2026
နယ်သာလန်နိုင်ငံ၊ ယူးထရက်ချ်မြို့၌ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်
Donate to DVB

နယ်သာလန်နိုင်ငံရဲ့ အကြီးဆုံးမြို့တမြို့ဖြစ်တဲ့ ယူးထရက်ခ်မြို့ အလယ်ပိုင်းမှာ ဇန်နဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုကြီးတခုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် လူအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ယူးထရက်ခ်မြို့တော်ဝန် ရှာရွန်ဒိုက်ခ်စ်မားက “ဒဏ်ရာရသူတွေ အများကြီးရှိတယ်ဆိုတာ သိပေမဲ့ အတိအကျမသိပါဘူး။ အပျက်အစီးတွေအောက်မှာ လူတွေရှိနေသေးလားဆိုတာလည်း သေချာမသိပါဘူး။ အဲဒါတွေကို ဦးစားပေး အနေနဲ့ စုံစမ်းစစ်ဆေးနေပြီး အရေးပေါ်ဝန်ဆောင်မှုတွေကလည်း အပြည့်အဝ လုပ်ဆောင်နေပါတယ်။ ‘မြို့ရဲ့မိခင်’ တယောက်အနေနဲ့ အရမ်းစိတ်ထိခိုက်မိပါတယ်”လို့ ပြောပါတယ်။ 

ကြာသပတေးနေ့ ညနေပိုင်း ၄ နာရီခွဲဝန်းကျင်မှာ မီးက ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ပြီး မီးသတ်သမားတွေ ဝင်ရောက်ဖို့ ဘေးကင်းစိတ်ချရမှု မရှိတာကြောင့် ထိခိုက်သွားတဲ့ အဆောက်အအုံအတွင်း လူတွေကျန်နေသေးခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြို့ရဲ့လူဦးရေ ထူထပ်သိပ်သည်းတဲ့ ဒီနေရာမှာ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုရှိကြောင်း ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပြီး ပေါက်ကွဲမှုရဲ့ အကြောင်းရင်းကို မသိရသေးကြောင်းလည်း ဆိုပါတယ်။ 

ဒေသခံအရေးပေါ်ဝန်ဆောင်မှုအဖွဲ့မှာ ရှာ့ခ်စ်ဟာ့စ်နုတ်ထ်က “လောလောဆယ်တော့ ဖြစ်ရပ်တုံ့ပြန်မှုကိုပဲ အာရုံစိုက်နေပါတယ်။ မီးက ဆက်လက် လောင်ကျွမ်းနေဆဲဖြစ်ပြီး၊ အဆောက်အအုံတွေကို အထဲမှာ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေသေးလားဆိုတာ စစ်ဆေးဖို့ လိုအပ်ပါသေးတယ်။ အကြောင်းရင်းကို နောက်မှပဲ ဆုံးဖြတ်ပါမယ်”လို့ ပြောဆိုပါတယ်။

မီးသတ်တပ်ဖွဲ့ဟာ အဆောက်အအုံထဲကို ဝင်ရောက်နိုင်ခြင်းမရှိကြောင်းနဲ့ အဆောက်အအုံဟာ  မတည်ငြိမ်သေးတာကြောင့် အတွင်းထဲကနေ မီးငြိမ်းသတ်ဖို့ကလည်း ဘေးမကင်းသေးဘူးလို့လည်း ဆိုပါတယ်။

လုံခြုံရေးအကြောင်းပြချက်တွေကြောင့် သူတို့ရဲ့နေအိမ်တွေကနေ ထွက်ခွာခဲ့ရတဲ့ ဒေသခံတွေကို အနီးနားရှိ ဟိုတယ်တခုမှာ နေရာချထားပေးခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013