
နေးရှင်းလိဂ်အုပ်စု (B) ပွဲစဉ်မှာ တီဂျာနီ ရန်းဒါးစ်ရဲ့ ပထမပိုင်း ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ နယ်သာလန်က ရှုံးပွဲမရှိသေးတဲ့ ဂရိအသင်းကို ၇ ဂိုးပြတ် အနိုင်ရသွားပါတယ်။
ပွဲအစမှာ ခံစစ်အမှားကနေတဆင့် ဆမ်းမာဗီးလ်က အဖွင့်ဂိုး သွင်းယူခဲ့ပြီး နည်းပြ ဇာဗီ ဟာနန်ဒက်ဇ် ရဲ့အသင်းအတွက် ရန်းဒါးစ်က ၁၂ မိနစ်နဲ့ ၃၃ မိနစ်ကြားမှာ ၃ ဂိုး ဆက်တိုက် သွင်းယူခဲ့ပါတယ်။
အာဆင်နယ်ကစားသမား ဂျူရီယန်တင်းဘားကလည်း နိုင်ငံအသင်းအတွက် ပထမဆုံး သွင်းဂိုး ၂ ဂိုး ကို သွင်းယူပေးခဲ့ပြီး မာလန်က ၇ ဂိုးမြောက် သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။
လက်ရှိမှာ နယ်သာလန်ဟာ အုပ်စုအတွင်းမှာ ဂရိနဲ့ ဂျာမနီတို့ကို ၃ မှတ်ဖြတ်ပြီး ထိပ်ဆုံးကနေ ရပ်တည်နေပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် တနင်္လာနေ့မှာ ဂျာမနီက နယ်သာလန်ကို အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။
Photo:Reuters











