DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းအတွက် ယူရို သန်း ၅၀၀ တန် စစ်ရေးအထောက်အပံ့ပေးရန် နယ်သာလန် ကတိပြု
DVB
·
October 29, 2026
Photo: REUTERS/Stephanie Lecocq
Photo: REUTERS/Stephanie Lecocq
Donate to DVB

နယ်သာလန်နိုင်ငံက အခုဆောင်းရာသီမှာ ယူကရိန်းနိုင်ငံအတွက် ယူရို သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၅၅၆ သန်း) တန်ဖိုးရှိတဲ့ စစ်ရေးအထောက်အပံ့တွေ ပေးသွားမယ်လို့ နယ်သာလန်ဝန်ကြီးချုပ် ရော့ဘ်ယက်တန်က အောက်တိုဘာ ၂၈ ရက်မှာ ပြောပါတယ်။

နယ်သာလန်နိုင်ငံ၊ သဟိတ်ဂ်မြို့မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာ သူက ပြောလိုက်တာပါ။

ဒီအထောက်အပံ့ကို ယူကရိန်းရဲ့  ကာကွယ်ရေး စွမ်းအားမြှင့်တင်ဖို့ ဒရုန်းတွေနဲ့ တခြားပစ္စည်းကိရိယာတွေ ထောက်ပံ့ပေးရာမှာ သုံးသွားမှာဖြစ်တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက၊ သမ္မတ ဇလန်းစကီးရဲ့ ခရီးစဉ်မတိုင်မီ နယ်သာလန်အစိုးရက လာမဲ့ ၃ နှစ်အတွင်း ယူကရိန်းနိုင်ငံအတွက် ယူရို ၁ ဒသမ ၂ ဘီလီယံတန်ဖိုးရှိတဲ့ စစ်ရေးမဟုတ်တဲ့ အထောက်အပံ့တွေ ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

နယ်သာလန်အစိုးရက လာမဲ့နှစ်မှာ ယူကရိန်းနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ယူရို သန်း ၃၈၀၊ ၂၀၂၈ နဲ့ ၂၀၂၉ ခုနှစ်တွေမှာ ယူရို သန်း ၄၁၀စီ ပံ့ပိုးပေးဖို့ ကတိပြုထားပါတယ်။

ဒီငွေကြေးပမာဏရဲ့ အစိတ်အပိုင်းတခုကို ယူကရိန်းနိုင်ငံ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ နယ်သာလန်ကုမ္ပဏီတွေကို ပံ့ပိုးကူညီဖို့ သုံးသွားမယ်လို့ အစိုးရက ပြောခဲ့ပါတယ်။ 

တခြားအထောက်အပံ့တွေကိုတော့ ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ အရေးပေါ် ပြုပြင်မွမ်းမံခြင်းနဲ့ ယူကရိန်းစက်မှုကဏ္ဍအတွက် စက်ယန္တရားတွေ ထောက်ပံ့ပေးခြင်းတို့အတွက် သုံးသွားမယ်လို့ အစိုးရက ဆက်ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013