DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံ၌ အကွဲအပြဲများ ပိုမိုနက်ရှိုင်းလာမည်ကို ဂျပန်စိုးရိမ်
DVB
·
January 16, 2026
ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံ၌ အကွဲအပြဲများ ပိုမိုနက်ရှိုင်းလာမည်ကို ဂျပန်စိုးရိမ်
Donate to DVB

ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို ဖယ်ထုတ်ထားတဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ရွေး ကောက်ပွဲအပြီးမှာ စစ်အုပ်ချုပ်ရေး ဆက်လက်တည်ရှိနိုင်ခြေရှိတာကြောင့် "အကွဲအပြဲတွေ ပိုမိုနက်ရှိုင်းလာမှု" နဲ့ ရင်ဆိုင်ရနိုင်တဲ့အပေါ် အလွန်အမင်းစိုးရိမ်မိတယ်လို့ ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

ဂျပန်အစိုးရ ဝန်ကြီးအဖွဲ့အတွင်းရေးမှူးချုပ် မီနိုရု ကီဟာရာက ဖမ်းဆီးထိန်းသိမ်းခံထား ရသူတွေကို လွှတ်ပေးဖို့နဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ မြှင့်တင်ဖို့ အပါအဝင် တခြားသောကိစ္စရပ်တွေမှာ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းမှုတွေက လုံ လောက်မှုမရှိသေးကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပနေတဲ့ ပုံစံကြောင့် ငြိမ်းချမ်းတဲ့ အဖြေရှာနိုင်ဖို့ ပိုမိုခက်ခဲသွားနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာ ကျင်းပခဲ့သလို တတိယပိုင်းကိုတော့ ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရား မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အန်ဒရူးစ်ရဲ့ အစီရင်ခံစာထဲမှာ ဒီရွေးကောက်ပွဲက မဲပေးသူ အလွန်နည်းပါးခဲ့ကြောင်း ထောက်ပြထားသလို ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ အ ပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖျက်သိမ်းခံရပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး လက်ရှိ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မသိရ သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကလည်း အခုလို အခြေအနေမျိုးမှာ ရွေးကောက်ပွဲကျင်းပခြင်းက မတည်ငြိမ်မှုတွေကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ကြိုတင်သတိပေးထားပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောကြားချက်အရ စစ်အုပ်စု ကျောထောက်နောက်ခံ အင်အားစုတွေက လွှတ်တော်ထဲ အများစုအနိုင်ရရှိထားကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013