DVB Logo
Home
နိုင်ငံတကာ
အီရန်အား မတိုက်ရန် အမေရိကန်ကို အစ္စရေးနှင့် အာရပ်နိုင်ငံများ တောင်းဆို
DVB
·
January 16, 2026
အီရန်အား မတိုက်ရန် အမေရိကန်ကို အစ္စရေးနှင့် အာရပ်နိုင်ငံများ တောင်းဆို
Donate to DVB

အီရန်အပေါ် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မဲ့ အစီအစဉ်ကို ရွှေ့ဆိုင်းဖို့အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အပြင် အာရပ်နိုင်ငံတွေက ခေါင်းဆောင်တွေကပါ တောင်းဆိုထားကြတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြပါတယ်။

တကယ်လို့ အီရန်ကို အမေရိကန်က တိုက်ရင် အနီးအနားက သူတို့နိုင်ငံတွေအပေါ် အီရန်က လက်တုံ့ပြန်လာမှာကို စိုးရိမ်နေကြတာလို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၄ ရက်မှာ နေတန်ယာဟုက ထရမ့်ပ်နဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ ထိပ်တန်း အမေရိကန် တာဝန်ရှိသူတယောက်က နယူးယောက်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့မှာပဲ ထရမ့်ပ်က “အီရန်ဟာ ဆန္ဒပြသူတွေကို သတ်ဖြတ်တာတွေ ရပ်သွားပြီဖြစ်ကြောင်း၊ ကွပ်မျက်ဖို့ အစီအစဉ်တွေလည်း ဆက်လုပ်တော့မှာမဟုတ်ကြောင်း” တဖက်ခြမ်းက အင်မတန် အရေးပါတဲ့ သတင်းရင်းမြစ်ဆီက သိရတယ်လို့ လေသံပြောင်းသွားခဲ့ပါတယ်။

ဒါဟာ အမေရိကန်က အီရန်ကို တိုက်ဖို့အစီအစဉ်ကို ရွှေ့လိုက်တဲ့ အရိပ်အယောင်လို့ ယူဆရပါတယ်။

ဒါပေမဲ့ ဇွန်လတုန်းကလည်း အီရန်နျူစခန်းတွေကို မတိုက်ခင် ထရမ့်ပ်က အလားတူ မှတ်ချက်မျိုး ပေးခဲ့တာကြောင့် အခုလည်း မရေရာသေးပါဘူး။

တပ်မှူးတွေက တင်ပြထားတဲ့ စစ်ရေးနည်းလမ်းတွေကို ထရမ့်ပ်က မစွန့်လွှတ်သေးဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

တိုက်၊ မတိုက် ဆိုတာ ဆန္ဒပြပွဲတွေအပေါ် အီရန်ဘက်က ဘာဆက်လုပ်မလဲ ဆိုတဲ့အပေါ် မူတည်နေတယ်လို့ သိရပါတယ်။

ဝါရှင်တန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ကာတာ၊ ဆော်ဒီ၊ အိုမန်၊ အီဂျစ်တို့ကလည်း အီရန်ကိုမတိုက်ဖို့ ထရမ့်ပ်ကို မေတ္တာရပ်ခံထားတယ်လို့ ပင်လယ်ကွေ့နိုင်ငံတခုမှ တာဝန်ရှိသူတယောက်က နယူးယောက်တိုင်းမ်ကို ပြောပါတယ်။

ဒီ ၄ နိုင်ငံဟာ နှစ်ဖက်စလုံးကို ဖျောင်းဖျဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

တဖက်မှာတော့ ပင်တဂွန်စစ်ဌာနချုပ်ဟာ လေယာဉ်တင်သင်္ဘော အေဗရာဟမ်လင်ကွန်း အပါအဝင် စစ်လက်နက်ပစ္စည်းတွေကို အရှေ့အလယ်ပိုင်းဆီ အဆောတလျင် ပို့ဆောင်နေပါတယ်။

အီရန်မှာတော့ အစိုးရရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ဆန္ဒပြသူ ၂,၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013