DVB Logo
Home
မြန်မာသတင်း
အာရက္ခတပ်တော် (AA) နှင့် တရားဝင် ဆက်သွယ်စကားပြောခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ်ပြော
DVB
·
January 16, 2026
အာရက္ခတပ်တော် (AA) နှင့် တရားဝင် ဆက်သွယ်စကားပြောခြင်းမရှိဟု ဘင်္ဂလားဒေ့ရှ်ပြော
Donate to DVB

ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ အာရက္ခတပ်တော် (AA) တို့ အကြားမှာ တရားဝင် ဆက်သွယ် စကားပြောခြင်း မရှိသေးဘူးလို့ ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ တရားဝင်အစိုးရမဟုတ်တဲ့ အာရက္ခတပ်တော်နဲ့ တရားဝင် ဆက်သွယ်ခြင်း မရှိသလို စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးကိုလည်း ဖြတ်တောက်ထားတာမျိုး မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တိုဟစ်ဟူစိန်က ပြောပါတယ်။

“ကျနော်တို့ နိုင်ငံတခုအနေနဲ့ အာရက္ခတပ်တော်နဲ့ တရားဝင်ဆက်သွယ်မှု မရှိပါဘူး။ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကိုလည်း ဖြတ်တောက်ထားတာမျိုး မရှိပါဘူး” လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အာရက္ခတပ်တော်ဟာ တရားဝင်အစိုးရ မဟုတ်သလို လက်ရှိ စစ်ကောင်စီက မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ ဖြစ်တာကြောင့် မြန်မာနိုင်ငံနဲ့ နိုင်ငံချင်း ပြောဆိုဆက်သွယ်ရမဲ့ အခြေအနေတွေကို သံတမန်နည်းလမ်းအရ ဆက်သွယ်ပြောဆိုကြဆဲ ဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ အာရက္ခတပ်တော်နဲ့ ဆက်ဆံမှုအခြေအနေကို မေးမြန်ရာမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ်နဲ့ မောင်တောနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ မြန်မာသံအမတ်ကို ဇန်နဝါရီ ၁၃ ရက်က ဆင့်ခေါ်ကာ သတိပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် (BGB) နဲ့ အာရက္ခတပ်တော်တို့ အကြားမှာလည်း ဇန်နဝါရီ ၁၃ ရက်က တက္ကနဖ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ နှစ်ဖက်စလုံးက တရားဝင် ထုတ်ပြန်တာမျိုး မရှိပါဘူး။

ဇန်နဝါရီ ၁၁ ရက်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ AA ရဲ့ တပ်စခန်းတွေကို ရိုဟင်ဂျာ လက်နက်ကိုင်တပ်တွေက ဝင်တိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျည်တွေ ကျရောက်ပေါက်ကွဲကာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ မွတ်ဆလင်လက်နက်ကိုင် ၅၃ ယောက်ကို နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားစွဲဆိုထား ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဟာလည်း ရေရှည်စီမံကိန်းတခု ထားပြီးတော့ ဖြေရှင်းရမဲ့ ပြဿနာတခု ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။

Ref: Times of Bangladesh

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013