DVB Logo
Home
နိုင်ငံတကာ
ဖမ်းထားသည့် ဆန္ဒပြသူများကို အမြန်ဆုံးအပြစ်ပေးရန် အီရန်တရားသူကြီးချုပ် တောင်းဆို
DVB
·
January 15, 2026
ဖမ်းထားသည့် ဆန္ဒပြသူများကို အမြန်ဆုံးအပြစ်ပေးရန် အီရန်တရားသူကြီးချုပ် တောင်းဆို
Donate to DVB

လမ်းတွေပေါ်မှာ လူတွေကို ခေါင်းဖြတ်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့သူတွေကို အမြန်ဆုံး ရုံးတင်စစ်ဆေးပြီး အပြစ်ပေးသင့်တယ်လို့ အီရန်နိုင်ငံရဲ့ တရားရုံးချုပ် တရားသူကြီးချုပ် ဂိုလမ်-ဟိုစိန် မိုဆန်နီး- အယ်ရှေအီးက ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။

တရားသူကြီးချုပ်ရဲ့ ပြောစကားအရ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူရာမှာ အချိန်ကိုက် မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုအပ်ကြောင်းနဲ့ ရက်ပိုင်း လပိုင်း နောက်ကျသွားရင် တူညီတဲ့ အရေးယူမှု လုပ်ရင်တောင်မှ အများပြည်သူအပေါ် သက်ရောက်မှု အားနည်းသွားနိုင်ပြီး ထိရောက်မှုရှိမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။

အကြမ်းဖက်မှုကို နှိမ်နင်းရုံတင်မကဘဲ အဂတိလိုက်စားမှုကိုပါ တပြိုင်တည်း ကိုင်တွယ်ဖြေရှင်းဖို့ ပြောသွားတာ ဖြစ်ပါတယ်။

အခုချိန်ထိ ဆန္ဒပြသူ ၂,၄၀၃ ယောက်နဲ့ အစိုးရဘက်က လူပုဂ္ဂိုလ် ၁၄၇ ယောက်တို့ သေဆုံးထားမှုကို အတည်ပြုပြီးဖြစ်ကြောင်း အမေရိကန်အခြေစိုက် HRANA လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၁၃ ရက်မှာ အီရန်အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ရာမှာတော့ လူပေါင်း ၂,၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အီရန် ကာ့ဒ်အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ဟန်းဂေါက ကာရာ့ဂျ်မြို့မှာ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ အသက် ၂၆ နှစ်အရွယ် အာဖန်ဆိုလ်တာနီကို ဗုဒ္ဓဟူးနေ့မှာ ကွပ်မျက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း ဟန်းဂေါက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013