DVB Logo
Home
မြန်မာသတင်း
ဒေသတည်ငြိမ်ဖွံ့ဖြိုးရေး နှောင့်နှေးအောင် တိုင်းရင်းသားလက်နက်ကိုင်များ လုပ်နေဟု စစ်ခေါင်းဆောင် စွပ်စွဲ
DVB
·
January 15, 2026
ဒေသတည်ငြိမ်ဖွံ့ဖြိုးရေး နှောင့်နှေးအောင် တိုင်းရင်းသားလက်နက်ကိုင်များ လုပ်နေဟု စစ်ခေါင်းဆောင် စွပ်စွဲ
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဒေသတည်ငြိမ်ဖွံ့ဖြိုးရေး နှောင့်နှေးအောင် လုပ်နေတယ်လို့ မြန်မာပြည်အနှံ့ ဗုံးကြဲသတ်ဖြတ် ဖျက်ဆီးမှုတွေ နေ့စဉ်ပြုလုပ်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်တာပါ။

မိမိဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင်၊ ဖွံ့ဖြိုးမှုတိုးတက်မှု နှေးကွေးနှောင့်နှေးအောင် မိမိတို့ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကပင် လုပ်ဆောင်နေတာတွေဟာ အရုပ်ဆိုး အကျည်းတန်သလို သမိုင်းမှာ အမည်းစက်အဖြစ် ကျန်ရစ်ခဲ့မှာသာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေက လူငယ်တွေကို မြှောက်ပေးပြီး တိုက်ပွဲတွေ ဖော်ဆောင်သလို ပြည်ပနိုင်ငံကြီး တချို့ကြောင့်လည်း မတည်မငြိမ် ဖြစ်နေရတယ်လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က “တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း အသိဉာဏ်နည်းပါးပြီး လမ်းလွဲရောက်နေတဲ့ အကြမ်းဖက်သမား လူငယ်လူရွယ်တွေကို သွေးထိုးမြှောက်ပင့်ပြီး တိုက်ပွဲတွေဖော်ဆောင်တာ၊ နယ်မြေချဲ့ထွင်တာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ မျက်ဖြူစိုက်လေ ဆရာကြိုက်လေဆိုတဲ့ စကားအတိုင်း မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းမှုမရှိဘဲ ၎င်းတို့ကြိုးဆွဲရာ ကစေလိုတဲ့ သဘောထားမမှန်တဲ့ ပြည်ပနိုင်ငံကြီးတချို့နဲ့ ပြည်တွင်းသစ္စာဖောက်တွေရဲ့ ပယောဂမျိုးစုံကလည်း မီးလောင်ရာ လေပင့် ဖြစ်ပြီး ဒီနေ့အထိ မတည်မငြိမ် ဖြစ်နေရတာလည်း အထူးသတိထားသင့်တဲ့ အချက် ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီအပြတ်အသတ်ရှုံးနိမ့်ခဲ့ပြီးနောက်  လူထုရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရကို စစ်တပ်က အဓမ္မအာဏာသိမ်းယူခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုတွေ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း မူလရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် လက်နက်ကိုင်တော်လှန်ဆက်လက် တော်လှန်နေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ကလည်း  တိုင်းရင်းသားဒေသတွေအပါအဝင် နိုင်ငံအနှံ့အပြားမှာ စာသင်ကျောင်းနဲ့ ဆေးရုံတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်၊ မြေပြင်ကနေ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေ နေ့စဉ်လိုလို  ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013