DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်းအရေး အမေရိကန်နှင့် ဒိန်းမတ် အခြေခံကျကျ သဘောကွဲလွဲနေ
DVB
·
January 15, 2026
ဂရင်းလန်းအရေး အမေရိကန်နှင့် ဒိန်းမတ် အခြေခံကျကျ သဘောကွဲလွဲနေ
Donate to DVB

ဂရင်းလန်းကျွန်းအရေး အမေရိကန်နဲ့ “အခြေခံကျကျ သဘောကွဲလွဲ” နေတယ်လို့ အိမ်ဖြူတော်မှာ ဆွေးနွေးအပြီး ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ်လုခ်ကီး ရာစ်မူဆန်ဟာ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၊ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို တို့နဲ့ ဇန်နဝါရီ ၁၄ ရက်က တွေ့ဆုံခဲ့တာပါ။

ဒီဆွေးနွေးပွဲဟာ ပွင့်ပွင့်လင်းလင်းရှိပြီး အပြုသဘောဆောင်ပေမဲ့ ဂရင်းလန်းကျွန်းကို သိမ်းပိုက်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ပြောဆိုနေတာကိုတော့ “လုံးဝ လက်မခံနိုင်စရာ” လို့ ရာစ်မူဆန်က တုံ့ပြန်ပါတယ်။

တနာရီကြာ တွေ့ဆုံမှုအတွင်း ထူးခြားတဲ့ရလဒ် မထွက်ခဲ့ပေမဲ့ ရှေ့ဆက်ဆွေးနွေးဖို့ လုပ်ငန်းအဖွဲ့တခု ဖွဲ့စည်းသွားမယ်လို့ နှစ်ဖက် သဘောတူခဲ့ကြပါတယ်။

ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ဟာ အမေရိကန်စစ်စခန်းတွေ ထပ်တိုးချဲ့တာကို လက်ခံနိုင်ပေမဲ့ ကျွန်းကို သိမ်းပိုက်မဲ့ ကိစ္စကိုတော့ အနီရောင်စည်းအဖြစ် သတ်မှတ်ထားပါတယ်။

တဆက်တည်းမှာပဲ ဒိန်းမတ်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ဆွီဒင်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတွေက ဂရင်းလန်းကျွန်းဆီ စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပေးပို့သွားမယ်လို့ ကတိပြုထားကြပါတယ်။

သမ္မတ ထရမ့်ပ် ကတော့ ဂရင်းလန်းဟာ အမေရိကန်ရဲ့ ဒုံးခွင်းဒိုင်းစီမံကိန်းအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ထပ်လောင်း ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ အာတိတ်ဒေသလုံခြုံရေး တင်းမာမှုတွေကြောင့် ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

ဒိန်းမတ်နိုင်ငံဟာ ဂရင်းလန်းမှာ သူ့ရဲ့စစ်ရေးအင်အားကို တိုးမြှင့်သွားမယ်လို့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး ထရိုးလ်စ် လွန်းပိုးလ်ဆန်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောပါတယ်။

ဒိန်းမတ်နဲ့ ဂရင်းလန်းတို့ဟာ အာတိတ်ကာကွယ်ရေးကို မြှင့်တင်မယ်လို့ ကတိပြုထားချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ မဟာမိတ်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ကာ ဂရင်းလန်းနဲ့ အနီးတဝိုက်မှာ စစ်ရေးတည်ရှိမှုကို စတင်တိုးမြှင့်နေပြီလို့ ဆိုပါတယ်။

ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးက “လုံခြုံရေးမူဝါဒတင်းမာမှုတွေဟာ အာတိတ်ဒေသကို ပျံ့နှံ့သွားခဲ့တာကြောင့် ဂရင်းလန်းဒေသနဲ့ အနီးတဝိုက်မှာ အင်အားပိုတိုးထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဂရင်းလန်းအစိုးရနဲ့ အနီးကပ်ဆွေးနွေးချက်အရ NATO မဟာမိတ်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အာတိတ်ဒေသနဲ့ မြောက်ပိုင်းဒေသတွေမှာ ကျနော်တို့ရဲ့ စစ်ရေးအင်အားနဲ့ လေ့ကျင့်ခန်းတွေကို တိုးမြှင့်ဖို့ သဘောတူညီခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒိန်းမတ်ရဲ့ တောင်းဆိုချက်အရ ဆွီဒင်နိုင်ငံဟာ ဗုဒ္ဓဟူးနေ့မှာ ဂရင်းလန်းကို စစ်ဘက်အရာရှိအဖွဲ့တဖွဲ့ စေလွှတ်မှာဖြစ်ကြောင်း ဆွီဒင်ဝန်ကြီးချုပ် အူလ်ဖ် ခရစ္စတာရှောန်က X မှာ ကြေညာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013