DVB Logo
Home
နိုင်ငံတကာ
ဇလန်းစကီးကြောင့် ငြိမ်းချမ်းရေးနှောင့်နှေးနေဟု ထရမ့်ပ် ပြော
DVB
·
January 15, 2026
ဇလန်းစကီးကြောင့် ငြိမ်းချမ်းရေးနှောင့်နှေးနေဟု ထရမ့်ပ် ပြော
Donate to DVB

ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ နှောင့်နှေးနေတာဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် မဟုတ်ဘဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးသာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်က သမ္မတရုံးခန်းမှာ ပြုလုပ်တဲ့ ရိုက်တာသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

ယူကရိန်းစစ်ပွဲ ရပ်တန့်ဖို့ မော်စကိုဘက်က စိတ်မဝင်စားဘူးဆိုတဲ့ ဥရောပမဟာမိတ်တွေရဲ့ ပြောဆိုချက်နဲ့ ထရမ့်ပ်ရဲ့အမြင်ဟာ သိသိသာသာ ကွဲလွဲနေပါတယ်။

ပူတင်အနေနဲ့ ၄ နှစ်နီးပါးကြာ ကျူးကျော်စစ်ကို အဆုံးသတ်ဖို့ အသင့်ဖြစ်နေပြီလို့ ထရမ့်ပ်က ဆိုပေမဲ့ ဇလန်းစကီးကတော့ အဆင်သင့်မဖြစ်သေးဘူးလို့ သုံးသပ်ပါတယ်။

စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးပွဲတွေ ဘာကြောင့် အဖြေမထွက်သေးတာလဲဆိုတဲ့ မေးခွန်းကိုတော့ ထရမ့်ပ်က “ဇလန်းစကီး” ကြောင့်လို့ပဲ တိုတိုတုတ်တုတ် ဖြေကြားခဲ့ပါတယ်။

ဇလန်းစကီး အနေနဲ့ သဘောတူညီချက်ရဖို့ ခက်ခဲနေပုံရတယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။

လာမဲ့သီတင်းပတ် ဒါးဗို့စ်မှာကျင်းပမဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဇလန်းစကီး ရောက်လာမယ်ဆိုရင် တွေ့ဆုံသွားမယ်လို့လည်း ထရမ့်ပ်က အသိပေးခဲ့ပါတယ်။

ဇလန်းစကီး ဘက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရုရှားကို နယ်မြေစွန့်လွှတ် ပေးအပ်မဲ့ အရေးကို လုံးဝလက်မခံဘူးလို့ အတိအလင်း ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013