DVB Logo
Home
မြန်မာသတင်း
ချွန်းပူးရီးတွင် မြန်မာလုပ်သား ၁၀၀ ကျော် အုပ်စုဖွဲ့ရန်ဖြစ် ၂ ဦး ဒဏ်ရာရ 
DVB
·
January 14, 2026
ချွန်းပူးရီးတွင် မြန်မာလုပ်သား ၁၀၀ ကျော် အုပ်စုဖွဲ့ရန်ဖြစ် ၂ ဦး ဒဏ်ရာရ 
Donate to DVB

ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဖန်းထောင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၃ ရက် မနေ့ညပိုင်းက မြန်မာလုပ်သား ၁၀၀ ကျော်အုပ်စွဲဖွဲ့ ခိုက်ရန်ဖြစ်ပွါးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရ သွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

မနေ့ည ၁၁ နာရီလောက်က ဖန်းထောင်းမြို့ ဘန့်ကောင်ရပ်ကွက် တည်းခို ခန်းတခုရှေ့မှာ လူတစုခိုက်ရန်ဖြစ်ပွါးပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းပေးပို့ချက်ရတာကြောင့် ဒဏ်ရာ ရသူကို သွားရောက်ကူညီခဲ့တယ်လို့ ဆဝမ်ဥထယန်းလူမှု ကယ်ဆယ်ရေးအဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ 

ကယ်ဆယ်ရေးအဖွဲ့ရောက်သွားချိန်မှာတော့ လူအုပ်ကြီးကိုမတွေ့ရတော့ဘဲ သွေးအိုင်ထဲ လဲကျ နေတဲ့ ဒဏ်ရာရသူ ၂ ယောက်ကိုသာတွေ့ရတယ်။ အသက် ၃၃ နှစ်နဲ့ ၃၆ နှစ်ရွယ် မြန်မာရွှေ့ပြောင်းလုပ်သားဖြစ်ပြီး ဦးခေါင်းမှာ အခုတ်ခံထားရတဲ့ ဒဏ်ရာတွေရှိတယ်၊ ကယ်ဆယ် ရေးအဖွဲ့က ရှေးဦးသူနာပြုစုပြီး ဖန်းထောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

မျက်မြင်သက်သေတို့ ပြေပြချက်အရ ဒီမတိုင်ခင်ရှေ့က ဒဏ်ရာရသူ ၂ ယောက်ဟာ လက်ထဲဓားကိုင်ပြီး ကားလမ်းတဘက်ကိုကူးသွားတယ်၊ ဟိုဘက်ကမ်းရောက်တော့ လူတအုပ် ထွက်လာပြီး ရန်ဖြစ်ကြတယ်၊ နှစ်ဘက်ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒဏ်ရာရသူတွေထားခဲ့ကာ လူစု ခွဲပြီးပြန် ထွက်သွားကြတယ်၊ ရန်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ မသိရဘူး၊ အရက်မူးပြီး ရမ်းကားတာလို့  အနီးပတ်ဝန်းကျင်က ထင်ကြေးပေးနေကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ အဲဒီနားတဝိုက် စီစီကင်မရာတွေ ပြန်လည်စစ်ဆေးပြီး ရန်ဖြစ်တဲ့ထဲပါတဲ့ သူတွေ စုံစမ်းကာ ခေါ်ယူစစ်ဆေးသွားမယ်လို့ ပြောပါတယ်။

ခုရက်ပိုင်းတွင်း ထိုင်းနိုင်ငံမှာ မြန်မာနဲ့ ထိုင်းကြားမှာရော မြန်မာအချင်းချင်းကြားမှာပါ ခိုက်ရန် ဖြစ်ပွါးမှုတွေ ဖြစ်နေတာကြောင့် ထိုင်းမျိုးချစ်ဝါဒီတွေရဲ့ ဆန္ဒပြတာကိုလည်း ခံနေရ ပါတယ်။ 

ထိုင်းနိုင်ငံမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ မပါဝင်ဖို့နဲ့ ဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ ဇန်နဝါရီ ၁၄ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ယဉ်ကျေးမှုနဲ့ ဒေသန္တရ စည်းကမ်းတွေကို လေးစားလိုက်နာကာ အိမ်ရှင် လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်စွာ နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Source: CH8 Thai TV News / TNEWS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013