DVB Logo
Home
အားကစား
နည်းပြအလွန်ဆိုကို ထုတ်ပယ်ပြီး လူငယ်နည်းပြအာဘီလိုအာကို ရီးရဲလ်မက်ဒရစ် ခန့်အပ်
DVB
·
January 13, 2026
နည်းပြအလွန်ဆိုကို ထုတ်ပယ်ပြီး လူငယ်နည်းပြအာဘီလိုအာကို ရီးရဲလ်မက်ဒရစ် ခန့်အပ်
Donate to DVB

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြအလွန်ဆိုကို ထုတ်ပယ်လိုက်ပြီး လူငယ်အသင်းနည်းပြ အာ ဘိလိုအားကို တာဝန်ပေးလိုက်ပါတယ်။ 

စပိန်စူပါဖလားဗိုလ်လုပွဲမှာ ပြိုင်ဘက်ဘာစီလိုနာကို ၃ ဂိုး ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက်မှာ နှစ်ဦးသဘောတူလမ်းခွဲလိုက်တာဖြစ်ကြောင်း မက်ဒရစ်ဘက်က ထုတ်ပြန်ပါတယ်။ 

အလွန်ဆိုဟာ ရီးရဲလ်နည်းပြချုပ်အဖြစ် ၈ လသာ တာဝန်ယူခွင့်ရရှိခဲ့တာပါ။ မက်ဒရစ်ကို တာဝန်ယူမဲ့ အာဘီလိုဟာ ရီးရဲလ်မက်ဒရစ် B ကိုတာဝန်ယူနေရင်းကနေ အသင်းကြီးနည်းပြ ဖြစ်လာခဲ့တာပါ။

အလွန်ဆိုဟာ ကစားသမားဘဝကတည်းက အသင်းအပေါ် ပေးဆပ်ကစားခဲ့သူဖြစ်ပြီး နည်းပြချုပ် ရာထူးမရှိတော့ပေမဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမားအဖြစ် အမြဲတမ်း ကြိုးဆိုနေမှာဖြစ်ကြောင်း မက်ဒရစ်အသင်းက ထုတ်ပြန်သွားပါတယ်။

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013