DVB Logo
Home
မြန်မာသတင်း
တနှစ်အတွင်း စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၀,၀၀၀ နီးပါး သေဆုံး
DVB
·
January 12, 2026
တနှစ်အတွင်း စစ်အုပ်စု အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၀,၀၀၀ နီးပါး သေဆုံး
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၅ ခု ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ တနှစ်တာအတွင်းမှာ စစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ပြည်သူပေါင်း ၉၇၉၉ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) ရဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MOHR ရဲ့ ၂၀၂၅ ဒီဇင်ဘာ ၃၁ ရက်အထိ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ စစ်အုပ်စု ဟာ တနိုင်ငံလုံးအနှံ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄,၄၉၈ ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်း ၄,၆၈၃ ယောက် သေဆုံးခဲ့ရတဲ့အပြင် စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံများစွာကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၉၄ မှုမှာ လူပေါင်း ၅,၁၁၆ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး၊ အဓမ္မစစ်သားစုဆောင်းမှု ၁,၇၆၃ မှုမှာလည်း လူပေါင်း ၃၁,၇၂၉ ယောက် အတင်းအဓမ္မ စုဆောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းမှာ အဆိုးရွားဆုံးဖြစ်ပွားခဲ့တဲ့ တရားလက်လွတ်သတ်ဖြတ်ခံရမှု ၅,၃၅၁ မှုအပါအဝင် စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၃,၂၇၇ မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်ထိ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေဟာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်တိုးမြင့်နေဆဲဖြစ်တယ်လို့ ဒီကိန်းဂဏန်းတွေက သက်သေပြနေတာပါ။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013