DVB Logo
Home
မြန်မာသတင်း
တလအတွင်း စစ်တပ်ဘက်က လက်နက်ချ စစ်သုံ့ပန်း ၁၄၀ ကျော်ရှိ
DVB
·
January 12, 2026
တလအတွင်း စစ်တပ်ဘက်က လက်နက်ချ စစ်သုံ့ပန်း ၁၄၀ ကျော်ရှိ
Donate to DVB

၂၀၂၅ ခုနှစ် ဒီဇင်ဘာ တလအတွင်းမှာ စစ်ကောင်စီရဲ့ စစ်သား၊ ရဲ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေ အလင်းဝင် ပူးပေါင်းလာတာ၊ လက်နက်ချလာတာနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာ စုစုပေါင်း ၁၄၁ ယောက်အထိ ရှိလာတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဇန်နဝါရီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ မန္တလေး၊ ကရင်နဲ့ ချင်းပြည်နယ်က အလင်းဝင်လာသူ ၃၉ ယောက်ထဲမှာ စစ်သား ၃၅ ယောက်ပါဝင်ပြီး အဲဒီထဲမှာ ၂၉ ‌ယောက်က စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ချင်းနဲ့ မွန်ပြည်နယ်ကနေ လက်နက်ချလာသူ ၄ ယောက်နဲ့ စစ်သုံ့ပန်း ဖမ်းဆီးခံရသူ စုစုပေါင်း ၉၈ ယောက်တို့ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်း၊ မန္တလေးနဲ့ မွန်ပြည်နယ်က ပြည်သူ့စစ် ၁၄ ယောက်တို့ ပါဝင်တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ တနှစ်တာအတွင်းမှာ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၂,၅၇၈ ယောက်ထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013