DVB Logo
Home
မြန်မာသတင်း
ဧပြီလတွင် အစိုးရအဖွဲ့သစ် တာဝန်ထမ်းဆောင်မည်ဟု စစ်အုပ်စုပြောခွင့်ရသူပြော
DVB
·
January 12, 2026
ဧပြီလတွင် အစိုးရအဖွဲ့သစ် တာဝန်ထမ်းဆောင်မည်ဟု စစ်အုပ်စုပြောခွင့်ရသူပြော
Donate to DVB

လာမဲ့ မတ်လမှာ လွှတ်တော်ခေါ်ပြီး ဧပြီလမှာ အစိုးရအဖွဲ့သစ် တာဝန်စတင်ထမ်းဆောင်မယ်လို့ စစ်အုပ်စုရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းက စစ်ခေါင်းဆောင်နဲ့အတူ ရန်ကုန်မြို့က မဲရုံတွေကို လိုက်လံကြည့်ရှုတုန်း မီဒီယာတွေကို အခုလို ပြောသွားတာ ဖြစ်ပါတယ်။

“ကျနော်တို့ကတော့ လွှတ်တော်ကတော့ မတ်လထဲမှာ ခေါ်မှာပဲ။ ဧပြီလထဲမှာတော့ အစိုးရသစ် တာဝန်တွေက ထမ်းဆောင်မှာပဲ။ ယခင်တုန်းက လုပ်ခဲ့တဲ့ ပုံမှန်ဇယားတွေအတိုင်းပဲ လုပ်ပါလိမ့်မယ်။”

အစိုးရသစ် ဖွဲ့ပြီးပါက နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုပွင့်လန်းလာမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မနေ့ကကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၂ မှာ နိုင်ငံတဝန်းက မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပခဲ့တာဖြစ်ပြီး ရန်ကုန်က ၁၆ မြို့နယ် ပါဝင်တယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ ကို နိုင်ငံတဝန်းက မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့ပြီး မဲပေးခွင့်ရှိသူ ၁၁ သန်းကျော်ရှိတဲ့အနက်က မဲပေးသူ ၆ သန်းကျော် မဲပေးခဲ့တယ်လို့ စစ်အုပ်စုဘက်က ထုတ်ပြန်ထားပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

ရွေးကောက်ပွဲ အပိုင်း ၃  ပိုင်းစလုံး မဲပေးခွင့် ရှိသူ စုစုပေါင်း လူဦးရေဟာ ၂၄ ဒသမ ၂၆ သန်း လောက်ရှိတယ်လို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကလည်း လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013