DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးကို ကော့သောင်း ပကဖ ဖမ်းဆီး
DVB
·
January 11, 2026
မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၆ ဦးကို ကော့သောင်း ပကဖ ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေသူ ၆ ယောက်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ကော့သောင်း ပကဖဆီက သိရပါတယ်။

ဇန်နဝါရီ ၈ ရက် မနက် ၂ နာရီလောက်မှာ ကော့သောင်းမြို့နယ် ပကဖက ကျေးရွာတရွာရှိ သံသယရှိသူတွေရဲ့ နေအိမ်ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးရာမှာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ကော့သောင်းမြို့နယ် ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “မူးယစ်ဆေးဝါးအန္တရာယ်က အနာဂတ် သားကောင်းရတနာတွေကို ဖျက်ဆီးနေတာကြောင့် အခုလိုမျိုး စစ်ဆေးဖမ်းဆီးခဲ့တယ်” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး လုပ်ကိုင်နေတဲ့ ၆ ယောက်နဲ့အတူ WY ခေါ် စိတ်ကြွမူးယစ်ဆေးပြား ၁၆,၄၀၀ ပြားခန့်၊ ICE ခေါ် စိတ်ကြွမူးယစ်ဆေး ၁ ဂရမ်ခန့်၊ ၃၈ ဗို့ကျည် အတောင့် ၄၀ နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ ရရှိထားတဲ့ ထိုင်းဘတ်ငွေ ၈၇,၀၀၀ တို့ကို ဖမ်းဆီးရမိပြီး ဇန်နဝါရီ ၉ ရက်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကော့သောင်းပကဖဆီက သိရပါတယ်။

ကော့သောင်းမြို့နယ်ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံက “ကော့သောင်းမြို့နယ်မှာရှိတဲ့ မူးယစ်ဆေးဝါး အပါအဝင် တရားမဝင်လုပ်ငန်းတွေက စစ်ကောင်စီကို လိုင်းကြေးပေးပြီး လုပ်ကိုင်နေကြတာပါ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နောက်ထပ်လုပ်ငန်းစဥ်တွေ ရှိတာကြောင့် လူနာမည်နဲ့ နေရာကိုတော့ အတိအကျ ပြောလို့မရသေးဘူး” လို့ ပြောပါတယ်။

ကော့သောင်းခရိုင်မှာရှိတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေတဲ့သူတွေကို မလုပ်ကိုင်ဖို့ ကော့သောင်းမြို့နယ် ပကဖ အနေနဲ့ အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်ပေမဲ့ ဆက်လက်လုပ်ကိုင်နေပါက ဖော်ထုတ်စစ်ဆေးပြီး ထိရောက်စွာ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013