DVB Logo
Home
မြန်မာသတင်း
ဟားခါး၊ ဖလမ်းနှင့် တီးတိန်တို့တွင် တိုက်ပွဲပြင်းထန်
DVB
·
January 9, 2026
ဟားခါး၊ ဖလမ်းနှင့် တီးတိန်တို့တွင် တိုက်ပွဲပြင်းထန်
Donate to DVB

ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါး၊ ဖလမ်းနဲ့ တီးတိန်မြို့တွေကို ချင်းတော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းနိုင်ဖို့ ကြိုးစားနေတာကြောင့် စစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိတဲ့အထဲမှာ မြောက်ပိုင်းမြို့တွေဖြစ်တဲ့ ဟားခါး၊ တီးတိန်နဲ့ ထန်တလန်မြို့ပေါ်လောက်ကိုပဲ စစ်တပ်က နယ်မြေထိန်းချုပ်ထားနိုင်ပြီး ဖလမ်းမြို့ကတော့ တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်အောက်မှာ ရှိနေတာပါ။

၂၀၂၅ ဒီဇင်ဘာလထဲမှာ စစ်တပ်ဘက်က ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ ဖလမ်းနဲ့ တီးတိန်ဘက်တွေကို စစ်ကြောင်းပြန်ထိုးနေသလို ချင်းတော်လှန်ရေး မဟာမိတ်အဖွဲ့တွေကလည်း ဟားခါးမြို့နဲ့ တီးတိန်မြို့ကို ပြန်သိမ်းဖို့ စစ်ဆင်ရေးတွေ လုပ်နေတဲ့အတွက် ချင်းမြောက်ပိုင်းမြို့တွေမှာ ဒီနှစ်အစမှာပဲ တိုက်ပွဲတွေ ပြင်းထန်နေတာလို့ CDF-ဟားခါးက ဆိုပါတယ်။

ဒီဇင်ဘာ ၂၆ ရက်မှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဟာ Mission David အမည်နဲ့ မြို့တော်ဟားခါးမှာ ရှိနေတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၂၆၆ ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

CDF-ဟားခါး ပြောရေးဆိုခွင့်ရှိသူတယောက်က “ကျနော်တို့ ခလရ ၂၆၆ နဲ့ ဗျူဟာရုံးကို target ထားပြီးတော့ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ဘက်မှာ ကျဆုံးတဲ့သူတွေရှိသလို ရန်သူတွေလည်း အကျအဆုံးများပါတယ်။ ပြီးတော့ ရန်သူ့ဘက်က ဒီ ရုန်းတောင်စခန်း နောက်ဆုံးခံတပ်အနေနဲ့ ရည်ရွယ်ပြီးတော့၊ လုံခြုံရေး အစစအရာရာ သေချာအောင် လုပ်ခဲ့တဲ့ကြားထဲက စခန်းအတွင်းပိုင်းအထိ ကျနော်တို့ CDF-Hakha ရဲဘော်တွေ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့လို့ သူတို့ ကျန်နေတဲ့ အာဏာသိမ်း‌စစ်တပ်တွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးတွေ့ရတယ်။ ထွက်ပြေးတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ထွက်ပြေးတဲ့သူတွေထဲက ၄ ဦးကို ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ၄ ဦး ဖမ်းမိထားပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ဟားခါးမြို့ထဲမှာ စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေပေမဲ့ စစ်အင်အားက တဖြည်းဖြည်း နည်းလာနေတယ်လို့ ဒေသခံတွေက ဆက်ရှင်းပြပါတယ်။

တီးတိန်မြို့နယ်ဘက်မှာလည်း စစ်တပ်အင်အား ၆၀ ကျော်နဲ့ တပ်စွဲထားတဲ့ ကနေဒီတောင်စခန်းကို ချင်းညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ PDF နဲ့ CDF CDM Siyin အဖွဲ့တွေက ဒီဇင်ဘာ ၂၆ ရက်နေ့တည်းက ဝင်တိုက်နေပြီး ဇန်နဝါရီ ၄ ရက်နေ့မှာ စခန်းကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

PDF Zoland စစ်ဦးစီးချုပ် ကိုဂိဒွန်က “ချင်းညီနောင် PDF Zoland က ဦးဆောင်ပြီး တိုက်တယ်။ CDF CDM Siyin ပူးပေါင်းပြီးတော့ တိုက်ကြတယ်။ သုံ့ပန်း အယောက် ၂၀ လောက် ဖမ်းမိထားတယ်။ လက်နက်ကတော့ အလက် ၃၀ ကျော်မယ်” လို့ ပြောပါတယ်။

မြို့တော် ဟားခါးနဲ့ မိုင် ၄၀ သာဝေးတဲ့ ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ဇန်နဝါရီ ၂ ရက်နဲ့ ၃ ရက်နေ့မှာ အင်အား ၄၀၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်း တက်လာလို့ ချင်းတော်လှန်ရေး မဟာမိတ်အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၂ ယောက်နဲ့ လက်နက်တွေ ရခဲ့တယ်လို့ ဆိုပါတယ်။

ဖလမ်းကို ပြန်ရဖို့အတွက် စစ်တပ်ဟာ ကလေး-တီးတိန်ကနေ စစ်ကြောင်းတကြောင်း၊ ဝေဘူလဘက်ကနေ စစ်ကြောင်းတကြောင်းနဲ့ ၂၀၂၅ ခုနှစ်တည်းက အင်အားရာနဲ့ချီသုံးပြီး ထိုးစစ်ဆင်နေတာပဲ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ ခုရှိတဲ့အထဲက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့တွေကို Chin Brotherhood Alliance (CBA) က ထိန်းချုပ်ထားပြီး တွန်းဇံမြို့နယ်ကတော့ Chinland Defense Force (CDF) အောက်မှာ ရှိပါတယ်။

ပလက်ဝ မြို့နယ်ကတော့ အာရက္ခတပ်တော် (AA) ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး မြန်မာ-အိန္ဒိယ နယ်စပ်တလျှောက်ကို တော်လှန်ရေးတပ်တွေက စိုးမိုးထားနိုင်ပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013