DVB Logo
Home
မြန်မာသတင်း
ကော်သူးလေနိုင်ငံထူထောင်သည့် KTLA နှင့်မပတ်သက်ဟု KNU ကြေညာ
DVB
·
January 9, 2026
ကော်သူးလေနိုင်ငံထူထောင်သည့် KTLA နှင့်မပတ်သက်ဟု KNU ကြေညာ
Donate to DVB

ကော်သူးလေအစိုးရကို ဖွဲ့စည်းပြီး  ကော်သူးလေသမ္မတနိုင်ငံ ထူထောင်ကြောင်းနဲ့ ကော်သူးလေ လွတ်လပ်ရေးနေ့ကို ကြေညာခဲ့တဲ့ ကော်သူးလေတပ်တော် (KTLA)နဲ့ လုံးဝပတ်သက်မှု မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၅ ရက်က မြန်မာ-ထိုင်းနယ်စပ်တနေရာမှာ ကော်သူးလေတပ်တော် (KTLA) နယ်မြေကို လွတ်လပ်ရေးကြေညာပြီး ကော်သူးလေသမ္မတနိုင်ငံအဖြစ် နိုင်ငံသစ်တည်ထောင်ခဲ့တဲ့အပြင် အစိုးရအဖွဲ့ပါ ဖွဲ့စည်းကြောင့် ၇၈ ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့က ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး KNU က အခုလို ထုတ်ပြန် ကြေညာခဲ့တာပါ။

ဒါ့အပြင် ဗိုလ်ချုပ်စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ပြင် KNU  က ချမှတ်ထားတဲ့ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာကြောင့် ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့ရဲ့ စစ်ဦးစီးချုပ်ရာထူးကနေ ရပ်စဲပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလက KNU  က တရားဝင် ထုတ်ပယ်ခဲ့ပါတယ်။

ကော်သူးလေတပ်တော် (KTLA) ရဲ့ လုပ်ဆောင်ချက်ဟာ ကရင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်ကို ထင်ဟပ်မှု မရှိသလို KNU မျှော်မှန်းတည်ဆောက်နေတဲ့ တိုင်းပြည်တည်ဆောက်ရေးဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ကော်သူးလေ အမည်နာမကို  အလွဲသုံးစားလုပ်ပြီး  ကရင့်တော်လှန်ရေးနဲ့ ကရင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်တာလို့ ဆိုပါတယ်။

KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “ကမ္ဘာမှာ ဟိုအရင် ၁၉၄၈ ခုနှစ်တည်းက အသိအမှတ်မပြုတဲ့ဟာကြီးကို အခုမှ သူတို့က ထလုပ်တော့ အလကားပါ။ သူများ ပွဲလန့်တဲ့အချိန်မှာ သူတို့က ပိုပြီးခြောက်လန့်တဲ့ ပုံပါ။ KNU အတွက် ဂုဏ်သိက္ခာလည်း ဘာမှ မကျဘူး။ ဘာမှ မဆိုင်ဘူး။ KNU ကတော့ သူရဲ့ မူဝါဒ လမ်းစဉ်နဲ့ သူ သွားနေတာပဲ”လို့ ပြောပါတယ်။

KNU အနေနဲ့  ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာစေဖို့ တခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူလူထုနဲ့အတူ လက်တွဲပြီး တက်ကြွစွာ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၂ ခု ဇူလိုင် ၁၆ ရက်က ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNDO  စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်စောနယ်ဒါးမြဟာ KNU က ခွဲထွက်ပြီး ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013