DVB Logo
Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ယူကရိန်းအပေါ် တောင်းဆိုမှုအသစ်များမလုပ်ရန် ဇလန်းစကီးပြော
DVB
·
January 9, 2026
ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ ယူကရိန်းအပေါ် တောင်းဆိုမှုအသစ်များမလုပ်ရန် ဇလန်းစကီးပြော
Donate to DVB

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ယူကရိန်းအပေါ် နောက်ထပ်တောင်းဆိုတာတွေ မလုပ်သင့်ဘူးလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပြီး ယူကရိန်းအစိုးရရဲ့ မဟာမိတ်တွေအနေနဲ့ ရုရှားအပေါ် အထူးသဖြင့် ပိတ်ဆို့မှုတွေကတဆင့် ဖိအားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဇလန်းစကီးက “ကျနော်တို့က ဆွေးနွေးပွဲလုပ်ငန်းစဉ်အတွင်း လိုအပ်သမျှကို ဆောင်ရွက်နေပါတယ်။ ယူကရိန်းအပေါ် နောက်ထပ် ဒါမှမဟုတ် အလွန်အကျွံ တောင်းဆိုတာတွေ မလုပ်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံက ဥရောပသမဂ္ဂ (EU) ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တရားဝင်တာဝန်ယူခဲ့တဲ့ နီကိုစီယာမှာ ကျင်းပတဲ့ အခမ်းအနားအတွင်း  မိန့်ခွန်းပြောချိန်မှာ ခုလိုပြောလိုက်တာပါ။

ဇလန်းစကီးဟာ ယူကရိန်းက EU ရဲ့ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲတွေမှာ တိုးတက်မှုရှိဖို့နဲ့ ရုရှားအစိုးရအပေါ် ပိုပြင်းပြင်းထန်ထန် ဒဏ်ခတ်ပိတ်ဆို့ဖို့ ကြိုးစားခဲ့ပြီး EU ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ချိန် အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲတွေကို ရှေ့တိုးဆောင်ရွက်ဖို့ ဆိုက်ပရပ်စ် အစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဇလန်းစကီးက “ဥရောပမှာရှိတဲ့ လွတ်လပ်တဲ့နိုင်ငံတိုင်းဟာ ဥရောပအိမ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်ထိုက်ပါတယ်။ ဒါက ဥရောပကို တည်ငြိမ်အေးချမ်းစေပါတယ်။ ယူကရိန်းကလည်း ဥရောပအိမ်ရဲ့ တန်းတူ အစိတ်အပိုင်းတခု ဖြစ်ထိုက်ပြီး ခင်ဗျားရဲ့ ဥက္ကဋ္ဌသက်တမ်းက ဒီလမ်းကြောင်းပေါ်မှာ ကျနော်တို့ ရှေ့ဆက်သွားနိုင်ရေး အကျိုးပြုဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

ပရိသတ်ထဲမှာ ဆိုက်ပရပ်စ်သမ္မတ နီကို့စ်ခရစ္စတိုဒိုလီဒီးစ်၊ ဥရောပကော်မရှင် အကြီးအကဲ အာဆူလာ ဗွန်ဒါလေယန်နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကို့စ်တာတို့လည်း ပါပါတယ်။

ဇလန်းစကီးဟာ ကို့စ်တာနဲ့ ဆိုက်ပရပ်စ်မြို့တော် နီကိုစီယာမှာ အစောပိုင်းက တွေ့ဆုံခဲ့ပြီး ရုရှားက ဆုံးရှုံးသွားတဲ့ ဒေါ်လာတိုင်းဟာ ရန်လိုသူတွေကို လောင်စာမဖြစ်စေတဲ့ ဒေါ်လာ ဖြစ်တယ်လို့လည်း ဇလန်းစကီးက ရုရှားအပေါ်  ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013