DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်တွင်း ရာထူးနှင့် နေရာများ အပြောင်းအလဲလုပ်
DVB
·
January 9, 2026
စစ်ကောင်စီတပ်တွင်း ရာထူးနှင့် နေရာများ အပြောင်းအလဲလုပ်
Donate to DVB

စစ်ကောင်စီတပ်တွင်းမှာရှိတဲ့ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်နဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေကို စစ်ခေါင်းဆောင်က ဇန်နဝါရီ ၆ ရက်မှာ အနားပေးတာ၊ ရာထူးတိုးပေးတာနဲ့ နေရာအပြောင်းအရွှေ့တွေ လုပ်ခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်ကနေ သိရပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖြစ် ခန့်ထားခဲ့ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်စိုးမင်းကို ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးကာ လေကျင့်ရေးအရာရှိချုပ်အဖြစ် ခန့်လိုက်တယ်လို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။

"DSA ၃၉ အပါတ်စဥ်အတူတူ ဗိုလ်ချုပ်စိုးမင်းကို ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီး ဗိုလ်ချုပ်ကြည်သိုက်ကိုရာထူးတိုးမပေးဘဲ နေပြည်တော်ခေါ်လိုက်တာ ပြဿနာက ပဲခူးအနောက်ခြမ်းကိစ္စနဲ့ တပခတိုင်းမှူးနေရာကို သူရဇော်လွင်စိုး ကိုခန့်လိုက်တယ်။"

တောင်ပိုင်းစစ်ဌာနချုပ်တိုင်းမှူးနေရာကို စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သူရဇော်လွင်စိုး ကို ခန့်လိုက်ပြီး အရင် လေကျင့်ရေးအရာရှိချုပ်ဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးကျော်ကိုထိုက်က လေကြောင်းအရန်ကာကွယ်ရေးအရာရှိချုပ်ဖြစ်လာတယ်လို့ သူကရှင်းပြပါတယ်။

လေကြောင်းအရန်ကာကွယ်ရေးအရာရှိချုပ်ဖြစ်ခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ကိုတော့ စစ်ခေါင်းဆောင်က တာဝန်ကအနားပေးပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် တာဝန်ပေးလိုက်ပါတယ်။

ဒါ့အပြင် ညောင်ကျိုးဒေသစစ်ဆင်ရေးမှာ AA နဲ့ တိုက်ခိုက်စဥ် သေဆုံးသွားခဲ့တဲ့ စကခ ၁၀ စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် နေရာ ကို မိုင်းဆတ်အခြေစိုက် စကခ- ၁၄ စကခမှူး ဗိုလ်မှူးချုပ် တင်ထွန်းအောင်ကို ပြောင်းရွေ့ခန့်ထားခဲ့ပါတယ်။

အလားတူပင် မိုင်းဖြတ်အခြေစိုက် စကခ ၁၈ စကခမှူး ဗိုလ်မှူးချုပ် သန့်လွင်စိုးကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ တပ်မမှူးအဖြစ် ပြောင်းရွေ့ခန့်ထားခဲပြီး တပ်မ ၁၀၁ ကတပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထက်က နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးဖြစ်လာပါတယ်။

ဇန်နဝါရီ ၅ ရက်ကလည်း အနားပေးခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013