DVB Logo
Home
မြန်မာသတင်း
KNA ဗဟိုဌာနချုပ် ဖွင့်လှစ်၊ တပ်ရင်းအသစ်တိုးချဲ့
DVB
·
January 8, 2026
KNA ဗဟိုဌာနချုပ် ဖွင့်လှစ်၊ တပ်ရင်းအသစ်တိုးချဲ့
Donate to DVB

ကယန်းအမျိုးသားတပ်မတော် (KNA) က ဗဟိုဌာနချုပ်ဖွင့်ပွဲနဲ့ တပ်ရင်းအသစ်တိုးချဲ့တာတွေကို ကယန်းဒေသတနေရာမှာ မနေ့က ပြုလုပ်ခဲ့တယ်လို့ တပ်ရင်းက ဇန်နဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

KNA ကို ၂၀၂၄ ခု အောက်တိုဘာ ၂၉ ရက်နေ့မှာ တပ်ရင်း ၈ ရင်းနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ခုလက်ရှိမှာတော့ တပ်ရင်း ၁၃ ရင်းအထိ တိုးချဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

KNA ရဲ့ ပြန်ကြားရေး တာဝန်ရှိသူက “အသစ်ဖွဲ့စည်းထားတဲ့ တပ်ရင်း ၂ ရင်းက ဒီးမော့ဆိုဒေသလို့ ပြောရမှာပေါ့နော်။ ကယန်းလူမျိုးအများစုဖြစ်တယ်၊ တခြား လူမျိုးခြားတွေလည်း တချို့ပါဝင်ထားတာရှိတယ်။ သူတို့လည်း စိတ်အားထက်သန်တာရှိတော့ ကျနော်တို့လည်း တည်ထောင်ခွင့်ပေးလိုက်တာပေါ့နော်။ လက်နက်တချို့နဲ့ စစ်ဝတ်တန်ဆာတချို့ တပ်ဆင်ပေးလိုက်တာပေါ့နော်” လို့ ပြောပါတယ်။

အသစ်ဖွဲ့စည်းလိုက်တာက တပ်ရင်းအမှတ် ၂၁၁၄ နဲ့ ၂၁၁၅ ကို တိုးချဲ့ဖွဲ့စည်းတာလို့ ပြောပါတယ်။ ရုံးဖွင့်ပွဲမှာ KNA ထောက်ပို့ကိုယ်စားလှယ် ဗိုလ်အိုက်ဆန်းနဲ့ ခွန်းအက်ဒွက်က 4 wheel ကားနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်တွေအတွက် ငွေကျပ်သိန်း ၂၂၀ ပေးအပ်လှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖွင့်ပွဲမှာ KNA ရဲ့ နိုင်ငံရေး ဦးဆောင်ကော်မတီဝင်၊ စစ်ဘက်ဆိုင်ရာ စစ်ဦးစီးမှူး၊ ဒုစစ်ဦးစီးမှူး၊ တပ်ဗိုလ်တပ်မှူးတွေ၊ တပ်သားသစ်တွေနဲ့ ထောက်ပို့ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ခုလက်ရှိမှာတော့ တခြားမဟာမိတ်တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ မြေပြင်မှာ ပူးပေါင်းလုပ်ဆောင်တာတွေရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013