
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ ကူဝိတ်နိုင်ငံတွေမှာရှိတဲ့ လေတပ်စခန်းတွေကို အီရန်က မတ် ၂၁ ရက် ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီစခန်းတွေကို ပါရှန်ပင်လယ်ကွေ့ထဲက အီရန်ကျွန်းတွေကို တိုက်ခိုက်ရာမှာ သုံးခဲ့လို့ လက်တုံ့ပြန်တာလို့ ဆိုပါတယ်။
ယူအေအီးက အယ်လ်မင်ဟတ်နဲ့ ကူဝိတ်က အယ်လ်ဆာလမ် လေတပ်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ရေတပ်ဗိုလ်မှူးကြီး အလီရီဇာ တန်စီရီက X လူမှုကွန်ယက်ပေါ်က ပို့စ်တခုမှာ ပြောပါတယ်။
အစ္စရေးစစ်တပ်အကြီးအကဲ အီယယ်ဇာမီယာကတော့ အီရန်ဟာ အမေရိကန်ပစ်မှတ်တခုဆီ ပစ်မှတ်ထားပြီး ကီလိုမီတာ ၄,၀၀၀ အကွာအဝေးရှိတဲ့ ကမ္ဘာ့ တိုက်ကြီးကို ဖြတ်ကျော် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တစင်းကို ပစ်လွှတ်ခဲ့တယ်လို့ မတ် ၂၁ ရက်မှာ ပြောပါတယ်။
ဥရောပမြို့တော်တွေဟာ အီရန်ရဲ့ အဝေးပစ်လက်နက်တွေက ရောက်အောင် ပစ်ခတ်နိုင်တဲ့ အကွာအဝေးအတွင်းထဲမှာ ရှိနေတယ်လို့လည်း သတိပေးခဲ့ပါတယ်။
ခြိမ်းခြောက်မှုတိုင်းကို ကိုင်တွယ်ဖြေရှင်းသင့်ပြီး မဟုတ်ရင် အစွန်းရောက်အစိုးရတွေကို အားပေး ရာရောက်တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
အစ္စရေးနဲ့ အီရန်တို့ စနေနေ့မှာ အပြန်အလှန်တိုက်ခိုက်ခဲ့ကြပြီး အမေရိကန်က အရှေ့အလယ်ပိုင်းဆီ ရေတပ်သားထောင်ပေါင်းများစွာကို ထပ်လွှတ်ခဲ့ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပွင့်အောင်ကူညီဖို့ တွန့်ဆုတ်နေတဲ့အတွက် ကြောက်ရွံ့မှုနဲ့ နေတိုးမဟာမိတ်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စွပ်စွဲပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ပြီးကတည်းက လူပေါင်း ၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာပါ။ ဒေသတွင်းပဋိပက္ခ ကြာရှည်လာမှာကို စိုးရိမ်သူတွေ တိုးပွားလာနေပါတယ်။
အီရန်နဲ့ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေကအရေးကြီးတဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခံခဲ့ရပြီး ရေနံဈေးနှုန်းတွေ ၅၀ ရာခိုင်နှုန်း မြင့်တက်စေခဲ့ပါတယ်။
Source: Reuters










