DVB Logo
Home
နိုင်ငံတကာ
ထိုင်းရဲအရာရှိ အယောင်ဆောင်ပြီး ဘတ်သန်းပေါင်း ၂၀၀ ခန့် လိမ်လည်သူကို ဖမ်းမိ 
DVB
·
January 8, 2026
ထိုင်းရဲအရာရှိ အယောင်ဆောင်ပြီး ဘတ်သန်းပေါင်း ၂၀၀ ခန့် လိမ်လည်သူကို ဖမ်းမိ 
Donate to DVB

ထိုင်းနိုင်ငံ ပရာကျင်းဘူရီခရိုင်ထဲမှာ ရဲအရာရှိ အယောင်ဆောင်ပြီး နစ်နာသူထံမှာ ဘတ်ငွေ သန်းပေါင်း ၂၀၀ နီးပါး လိမ်လည်ရယူသွားသူကို ဖမ်းဆီးရမိပြီလို့ ထိုင်းအမျိုးသားဗဟိုရဲတပ်ဖွဲ့  CIB က ၂၀၂၆ ခု ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 

အသက် ၂၉ နှစ်ရွယ် ထိုင်းနိုင်ငံသား နိုင်းယုံးယုဒ် ဆိုသူမှာ လိမ်လည်မှု ကျူးလွန်ကြောင်း စုံစမ်းသိရှိရတာကြောင့် ခရိုင်တရားရုံးက ဖမ်းဝရမ်းစာနဲ့ ပရာကျင်းပူးရီးခရိုင် ကဘင်ပူရီမြို့ ဟတ်နန်း ကယောက်ရပ်ကွက်ရှိ သူ့ရဲ့ နေအိမ်မှာ သွားရောက်ဖမ်းဆီးပြီး နိုင်ငံတကာရာဇဝတ်မှု ပူးပေါင်း ကျူးလွန်မှု၊  ဌာနဆိုင်ရာဝန်ထမ်းအဖြစ် အယောင်ဆောင်မှု၊ တပါးသူအဖြစ် အလွဲသုံးစားပြုပြီး လိမ်လည်မှု၊ စာရွာစာတမ်းလိမ်လည်မှု၊ ကွန်ပြူတာဥပဒေ၊ အမည်ခံ ဘဏ်ငွေစာရင်း အသုံးပြုမှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ အမှတ် ၅ တိုင်းဒေသ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့  ဒုရဲမှူးကြီး ကစ်သီဘောဒင်း ကိမ်ဆေ့ယ က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒီမတိုင်ခင်က နစ်နာသူ နန်းဂျန်ဂျီယာ ဆိုသူ အမျိုးသမီးတယောက်မှာ သူဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အယ်လ်တို့စ်မြို့မှာ နေထိုင်စဉ် တယ်လီဖုန်းကုမ္ပဏီကဝန်ထမ်း ထိုင်းအမျိုးသမီးတယောက်က သူ့ကို ဖုန်းဆက်လာကြောင်း၊ ထိုင်းမှာ သူ့အမည်နဲ့  ဖုန်းဆင်းမ်ကတ် ဝယ်ထားပြီး ဥပဒေချိူးဖောက်မှုတွေ ရှိနေတယ်လို့  ပြောပါတယ်။ 

မကြာခင်ကလည်း အမျိုးသားတယောက်က ရဲအရာရှိတယောက် ဖြစ်ကြောင်း၊ ယူနီဖောင်းဝတ်စုံနဲ့  ရဲဝန်ထမ်းကတ်ပြားတွေကို LINE အပလီကေးရှင်းကနေ ပို့ပေးတယ်၊ သူမအမည်နဲ့ တရားမဝင် ငွေကြေးခဝါချမှုတွေ ရှိနေတယ်၊ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးပေးစေလိုက ဘဏ်ထဲရှိ ‌‌ငွေတွေ ရဲတပ်ဖွဲ့ကို အရင်လွှဲပြောင်းထားရမယ်၊ အမှုစစ်ဆေးပြီးရင် ပြန်အပ်မယ်လို့ ပြောတယ်။ သူမဟာလည်း ယုံကြည်ပြီး ဘဏ်ထဲရှိငွေတွေကို အမေရိကန်ကနေ အကြိမ်ကြိမ်လွှဲပေးခဲ့တာမှာ စုစုပေါင်း ၁၉၈,၈၅၉,၄၁၄ ဘတ် (သန်းပေါင်း ၂၀၀ နီးပါး) ကို လွှဲခဲ့တယ်၊ နောက်တော့ အလိမ်ခံရမှန်း သိတာနဲ့ ထိုင်းကို ပြန်လာပြီး ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တာလို့ ဆိုပါတယ်။ 

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု အဆင့်ဆင့်ပြုလုပ်တာမှာ အဆိုပါငွေလိမ်ဂိုဏ်းမှာ လူ ၇၅ ယောက်လောက် ပူးပေါင်းပါဝင်တယ်၊ သူတို့ဟာ အယောင်ဆောင်လိမ်သူ၊ အယောင်ဆောင် အစိုးရ ဝန်ထမ်း၊ အယောင်ဆောင်ဘဏ်ဝန်ထမ်း၊ အမည်ခံဘဏ်ငွေစာရင်း အသုံးပြုပြီး ခြေရာမခံနိုင်အောင် အဆင့်ဆင့် ငွေလွှဲပြောင်းပေးခဲ့ကြတယ်၊ ငွေတွေဟာ နောက်ဆုံးမှာ နိုင်းယုံးယုဒ်ရဲ့ ဘဏ်အကောင့်ထဲ စီးဆင်းသွားတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက နေက်ထပ် ဆက်နွှယ်နေသူတွေကိုလည်း ရှာဖွေဖော်ထုတ် အရေးယူသွားမယ်လို့  ပြောသွားပါတယ်။ 

Source: Police TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013