DVB Logo
Home
မြန်မာသတင်း
မြင်းခြံတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
DVB
·
January 8, 2026
မြင်းခြံတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး
1 / 3
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပိုက်တဲကုန်းကျေးရွာအနီး ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Myingyan Black Tlger တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ ည ၈ နာရီလောက်က မြင်းခြံမြို့အနောက်ဘက် ပိုက်တဲကုန်းကျေးရွာအနီးကို စစ်ကောင်စီတပ်က ကင်းပတ်ထွက်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Myingyan Black Tiger တပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက  “အင်အား ၁၀ ယောက်ကျော်လောက်ရှိမယ် ကင်းပတ်ထွက်လာတာ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ စောင့်ပြီး ကြားပြတ်တိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA1 အမျိုးအစား သေနတ် ၁ လက်၊ ခဲယမ်းအချို့နဲ့ လက်ကိုင်ဖုန်းတလုံးပါ သိမ်းဆည်းရရှိခဲ့တယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနဲ့အတူ MGN အညာသားပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ မနက် ၅ နာရီလောက်ကလည်း မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ်အား MBT တပ်နဲ့ မဟာမိတ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့တပ်ကိုလည်း ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ရာ စစ်သား ၁၀ ယောက်သေဆုံးခဲ့ပြီး ၂ ယောက် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့အတူ Onemore စစ်ကြောင်း၊ မြင်းခြံခရိုင်အမှတ် (၂) တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLK တပ်ဖွဲ့၊ အမေ့လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013