DVB Logo
Home
မြန်မာသတင်း
စဉ့်ကူးနှင့် ဝက်လက်နယ်အစပ်က ကျေးရွာများကို စစ်တပ်က လေကြောင်း ဗုံးကြဲ
DVB
·
January 8, 2026
စဉ့်ကူးနှင့် ဝက်လက်နယ်အစပ်က ကျေးရွာများကို စစ်တပ်က လေကြောင်း ဗုံးကြဲ
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ စစ်ကိုင်းတိုင်း ဝက်လက်နယ်အစပ်မှာရှိတဲ့ ထုံးဘိုကုန်း၊ ရှားကွဲနဲ့ ရေခမိုးရွာဝန်းကျင်နေရာတွေကို ဇန်နဝါရီ ၈ ရက်မနက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံ ပကဖ တာဝန်ရှိသူတယောက် DVB ကို ပြောပါတယ်။

ခန့်မှန်းခြေ အင်အား ၂၀၀ နဲ့ ၂၅၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ထုံးဘိုကုန်းရွာမှာ တပ်စွဲနေရာကနေ ၃ မိုင်လောက်သာဝေးတဲ့ ရှားကွဲရွာဘက်ကို စစ်ကြောင်း ထိုးလာတဲ့အတွက် ရွှေဘိုခရိုင်တပ်ရင်း ၂၊ ခွဲ ၄ ဦးဆောင်တဲ့တပ်တွေက ခုခံ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒေသခံ ပကဖ ရဲဘော်က “ဟိုတနေ့က လက်နက်ခဲခမ်းတွေကို လေကြောင်းက လာချသွားတာ ၂ ခေါက်။ ပြီးတော့ ၂ ရက်နားပြီး မနေ့ကနေ စပြီး တောင်ဘက်ကိုထိုးတာ။ ရှားကွဲဘက်ကိုထိုးတာ၊ အခု တော်တော်လေးထိနာလို့ Y-12 နဲ့ပတ်ချနေတာ။ ကျောင်မြောင်း ခမရ ၁၂ ကနေလည်း ဆူစိုက်ဒုန်း(အသေခံဒရုန်း) နဲ့ ချတယ်။ Y-12 က ၇ ချက်တွဲလိုက် AS (လေကြောင်းဗုံးကြဲ) လုပ်သွားပြီးဗျအခု၊ ထုံးဘိုကုန်းဘက် ပြန်ဆုတ်နေပြီ ထင်တယ် ” လို့ ပြောပါတယ်။

ဒါအပြင် စစ်တပ်က ရွှေလှေရွာဘက်က လက်နက်ကြီး ၆ ခါထက်မနည်းပစ်ကူပေးခဲ့ပြီး နောက်ဆက်တွဲ အခြေအနေတွေကိုတော့ စောင့်ကြည့်နေတုန်းပဲလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက ဝက်လက်နယ်ထဲ ရောက်နေတဲ့ အဲဒီစစ်ကြောင်းဟာ အင်ဒေါင်းရွာထဲ ဝင်ရောက်အထိုင်ချထားတဲ့အချိန် ဇန်နဝါရီ ၂ ရက်က အမျိုးသမီးတချို့ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့၊ လက်နက်ခဲယမ်း သယ်ဖို့နဲ့ လမ်းပြဖို့အတွက် ဖမ်းဆီးခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းကြောင့် လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်း ဝက်လက်နယ်နဲ့ မန္တလေးတိုင်း၊ စဉ့်ကူးနယ်အကြား ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွာပေါင်း ၂၀ ဝန်းကျင်လောက်က ဒေသခံတွေ စစ်ဘေးရှောင်နေကြရကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013