DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ညောင်ကျိုးဒေသကို လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်
DVB
·
January 8, 2026
စစ်တပ်က ညောင်ကျိုးဒေသကို လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်
Donate to DVB

ညောင်ကျိုးစစ်မျက်နှာမှာ စစ်ကောင်စီရဲ့ အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) တပ်မမှူး သေဆုံးပြီးနောက် စစ်ကောင်စီက ညောင်ကျိုးပတ်ဝန်းကျင်ကို လေကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပုဂံကွဲကျေးရွာအနီးရှိ ပွိုင့်-၆၆၆ စခန်းကုန်းကို အင်အားသွားဖြည့်တဲ့ စကခ-၁၀ တပ်မမှူး စစ်ကြောင်းကို ဇန်နဝါရီ ၄ ရက်မှာ အာရက္ခတပ်တော်ရဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စကခ-၁၀ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်နဲ့ တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“စစ်ကောင်စီ တပ်မမှူး သေဆုံးပြီးနောက် စစ်ကောင်စီက ညောင်ကျိုးဒေသကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတာ ရှိတယ်။ သူတို့ဘက်က ပွိုင့်-၆၆၆ ကို သွားတဲ့ စစ်ကြောင်းမှန်သမျှ ချေမှုန်းခံနေရတာကြောင့် သူတို့ အထိနာနေတာကို ဖုံးကွယ်နိုင်ဖို့ လေကြောင်းကနေ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာ။ နှစ်ဖက်တိုက်ပွဲကတော့ ရှိနေဆဲဖြစ်တယ်။”

အာရက္ခတပ်တော် (AA) ရဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေ ချေမှုန်းခံလိုက်ရတဲ့ စစ်ကောင်စီရဲ့ စကခ-၁၀ တပ်မမှူး ဗိုလ်မှူးကြီးဟန်လင်းအောင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ကျောင်းဆင်းဖြစ်ပြီး ကော့သောင်းအခြေစိုက် စစ်ဗျူဟာအဖွဲ့ကနေ စကခ-၁၀ တပ်မမှူး ဖြစ်လာတာလို့ CDM အရာရှိတွေက ပြောပါတယ်။

ပွိုင့်-၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာလကတည်းက ပိတ်ဆို့ထားကြတာဖြစ်ပြီး စစ်ကောင်စီက လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာ ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတာကြောင့် အင်အားဖြည့်တင်းနိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

ပန်းတောင်းစစ်မျက်နှာမှာ စစ်ကောင်စီက စကခ-၁၀ နဲ့ စကခ-၁၇ တပ်မနှစ်ခုနဲ့ စစ်ဆင်ရေး ပြုလုပ်နေတာဖြစ်ပြီး သူတို့ဆုံးရှုံးထားတဲ့ ညောင်ကျိုးစခန်းနဲ့ ပန်းတောင်းမြို့နယ်က ကပစ စက်ရုံတွေ ဆုံးရှုံးမခံရဖို့ အသည်းအသန် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ပန်းတောင်းစစ်မျက်နှာမှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ညောင်ကျိုး၊ မိုးထိနဲ့ ပန်းဂံကွဲ တပ်စခန်းတွေ အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013