DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်တွင် လူနေအိမ်မီးလောင်ပြီး  ၅ နှစ်ရွယ်အမြွှာကလေးအပါအဝင် မိသားစု ၅ ဦး သေဆုံး 
DVB
·
January 8, 2026
ချင်းမိုင်တွင် လူနေအိမ်မီးလောင်ပြီး  ၅ နှစ်ရွယ်အမြွှာကလေးအပါအဝင် မိသားစု ၅ ဦး သေဆုံး 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့ ပါဒက်ရပ်ကွက်ထဲမှာ ဇန်နဝါရီ ၇ ရက် ညသန်းခေါင်ယံချိန်က နေအိမ်တလုံး မီးလောင်ပြီး  ၅ နှစ်ရွယ် အမြွှာကလေး အပါအဝင် မိသားစုဝင် ၅ ယောက်လုံး သေဆုံးသွားတယ်လို့ ချင်းမိုင်နယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ညသန်းခေါင်ယံချိန်က ပါဒက်ရပ်ကွက် လမ်းသွယ် ၁၈ ထဲမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ နယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

မီးလောင်တဲ့အိမ်ဟာ ၂ ဆောင်ပြိုင် ၂ ထပ်ပျဉ်ထောင်အိမ်ကြီးဖြစ်ပြီး အထဲမှာ မိသားစုဝင်တွေ ပိတ်မိနေတယ်၊  မီးသတ်ကားတွေဟာ အချိန် ၁ နာရီလောက် မီးငြှိမ်းသတ်ပြီး အထဲက ပိတ်မိနေသူတွေ ကယ်ထုတ်ခဲ့ရတယ်၊  အသက် ၅ နှစ်ရွယ် အမြွှာသမီးမိန်းကလေး ၂ ယောက်၊  အသက် ၃၈ နှစ်ရွယ်  ဇနီးမောင်နှံ (အမြွှာကလေးရဲ့ အဖေနဲ့အမေ )၊ အသက် ၇၀ နှစ်ရွယ် အဘွားတို့ဖြစ်ပြီး အိမ်ပေါ်ထပ်မှာ မီးခိုးမွှန်ပြီး သတိလစ်နေကြတယ်။ 

ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးသူနာပြုစုပြီး မဟာရတ်ချ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပေမဲ့ မကြာခင် အားလုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

နေအိမ်အဆောက်အအုံလည်း ပျက်စီးဆုံးရှုံးမှု များပြားတယ်၊ မီးလောင်ရတဲ့ အကြောင်းရင်းကို သေချာမသိရပေမဲ့ ဝါယာရှော့ဖြစ်တယ်လို့ ကနဦး သုံးသပ်ပြောဆိုနေကြပါတယ်။ 

Source: Chiangmai News / CM 108 News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013