DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ စစ်တပ်က ရွာသားများကို ဖမ်းဆီးပြီး အဓမ္မ ကြိုတင်မဲထည့်ခိုင်း
DVB
·
January 7, 2026
ဘုတလင်မြို့နယ်၌ စစ်တပ်က ရွာသားများကို ဖမ်းဆီးပြီး အဓမ္မ ကြိုတင်မဲထည့်ခိုင်း
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ လွဲတဲရွာကို ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီမှာ စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ရွာသားတွေကို ဖမ်းဆီး‌‌ကာ အဓမ္မ ကြိုတင်မဲထည့်ခိုင်းခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

အဆိုပါစစ်သားတွေဟာ ဘုတလင်မြို့ကနေ ထွက်လာပြီး အခုလို ရွာသူ ရွာသားတွေကို ဖမ်းဆီးတာလို့  ဖမ်းဆီးခံရပြီ ပြန်လွတ်လာတဲ့ လွဲတဲရွာသားတယောက်က ပြောပါတယ်။

“တွေ့ရာလူ အကုန်ဖမ်းတာ။ လူ ၁၀၀ လောက် ဖမ်းဆီးခံရတယ်ဗျ။ အဲဒီ ဖမ်းဆီးခံရတဲ့သူ‌တွေထဲ ကျနော်လည်း အဖမ်းခံရတယ်။ ရိုက်နှက်တာ‌တွေတော့ မလုပ်ဘူး။ ကျ‌နော်တို့ကို ဖမ်းပြီး ဘုတလင် အထက စာသင်ကျောင်းထဲကို တဖွဲ့၊‌ ထွေအုပ်ရုံးထဲကိုတဖွဲ့ စုစုပေါင်း ၂ ဖွဲ့ခွဲ ခေါ်သွားတယ်။ ကျ‌နော်တို့ကို ကြိုတင်မဲ ထည့်ခိုင်းတယ်။‌ ထွေအုပ်ရုံးထဲခေါ်သွားတဲ့ အဖွဲ့လည်း ကြိုတင်မဲ အထည့်ခိုင်းတယ်။ အဲလို မဲထည့်ပြီးတဲ့သူဆို ပြန်လွှတ်ပေးတယ်။ ကျနော်တို့ ဒီနေ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ခင်း ကြိုတင်မဲထည့်ပြီး ပြန်လွှတ်ပေးလိုက်တယ်။”

လွဲတဲရွာဟာ ဘုတလင်မြို့ရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး ဘုတလင်မြို့နဲ့ ကပ်လျက်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

ဘုတလင်မြို့နယ် ပအဖ ဒုတာဝန်ခံက “ဇန်နဝါရီ ၁၁ ရက်နေ့အတွက် ကြိုတင်ပြင်ဆင်တဲ့ သဘောပါ။ လွဲတဲရွာအပြင် နောက်ထပ်လည်း ဘုတလင်မြို့အနီးအနားက ရွာတွေက ပြည်သူတွေ ထပ်ပြီး ဖမ်းဦးမယ်လို့ ကျနော်ထင်တယ်။ မဲက‌တော့ ကျ‌နော်တို့ ဘုတလင်မြို့နယ်မှာ ကြံ့ဖွတ်တပါတီပဲ ရှိတာ။ သူတို့ကို ထောက်ခံကြောင်း ဝါဒဖြန့်ချင်လို့ အခုလို ပြည်သူတွေကို ဖမ်းပြီး ကြိုတင်မဲ အထည့်ခိုင်းနေတာ ဖြစ်နိုင်တယ်” လို့ DVB ကို ပြောပါတယ်။

ဘုတလင်မြို့မှာ ဒီဇင်ဘာ ၂၈ ရက်က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က စစ်အင်အားအများအပြား ပြန်လည်ဖြည့်ဆည်းကာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013