DVB Logo
Home
မြန်မာသတင်း
အောင်လံခရိုင် ပညာရေးမှူးရုံးက ဝန်ထမ်း ၁ ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
DVB
·
January 7, 2026
အောင်လံခရိုင် ပညာရေးမှူးရုံးက ဝန်ထမ်း ၁ ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ
Donate to DVB

မကွေးတိုင်း၊ အောင်လံမြို့ ခရိုင်ပညာရေးမှူးရုံး စီမံဌာနက Non CDM စာရေးတယောက်ကို ဒီဇင်ဘာ ၂၈ ရက်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင် အမှတ် ၂ တပ်ရင်းဆီကနေ သိရပါတယ်။

သရက်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ အောင်လံခရိုင် ပညာရေးမှူးရုံး စီမံဌာနက Non CDM စာရေး မိုးဌေးခိုင်ဟာ အသက် ၄၀ ဝန်းကျင်ရှိပါပြီ။ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ဖမ်းမိခဲ့တာဆိုပေမဲ့ စစ်ဆေး​မှုတွေ ဆောင်ရွက်နေရတာမို့လို့ အခုမှ သတင်းထုတ်ပြန်ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ Non CDM စာရေး မိုးဌေးခိုင်ဟာ အောင်လံမြို့ပေါ်က ရွာထောင်ရပ်ကွက်၊ အေးချမ်းဖြိုးလမ်းမှာ နေထိုင်သူဖြစ်ပြီး သူနဲ့အတူ WY တံဆိပ်ပါ မူးယစ်ဆေး ၁၀၅ ပြား၊ Mango ဆေးခြောက် ၂၀ ကျပ်သားတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

သရက်ခရိုင် အမှတ် ၂ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ရဲဘော်တွေ ကင်းပတ်သွားရင်းနဲ့ အောင်လံမြို့နယ်ထဲက သံချိတ်ဂိတ်နဲ့ မြို့လှတံတားကြားမှာ ဖမ်းမိလို့ မသင်္ကာတာနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အခုလို မူးယစ်ဆေးဝါးတွေ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ထပ်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့ လက်ရင်းတွေက အောင်လံပြည်သူ့စစ်ခေါင်းဆောင် ဖိုးသားရဲ့အဖေ မြင့်မိုလ်ကျော်နဲ့ ဆင်ဒွဲလား KTV ပိုင်ရှင်တို့ ဖြစ်တယ်လို့ သိရတယ်” လို့ DVB ကို ပြောပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သူ Non CDM စာရေး မိုးဌေးခိုင်ကို အောင်လံမြို့နယ် ပကဖနဲ့ အောင်လံမြို့နယ် ပလဖ အဖွဲ့တွေဆီကို လွှဲပြောင်းပေးထားပြီး အရေးယူ ဆောင်ရွက်တာတွေ ဆက်လက်ပြုလုပ်မယ်လို့လည်း သရက်ခရိုင် အမှတ် ၂ တပ်ရင်းဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013