DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်းကို ဝယ်မည့် ထရမ့်ပ်၏ မှတ်ချက်အသစ်ကြောင့် ဒေသခံများ စိုးရိမ်
DVB
·
January 6, 2026
ဂရင်းလန်းကို ဝယ်မည့် ထရမ့်ပ်၏ မှတ်ချက်အသစ်ကြောင့် ဒေသခံများ စိုးရိမ်
Donate to DVB

အမေရိကန်က ဗင်နီဇွဲလားကိုတိုက်ခိုက်ပြီးနောက် အာတိတ်ဒေသထဲက ဂရင်းလန်ကျွန်းကို ဝယ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မှတ်ချက်အသစ်တွေကြောင့် ပိုမိုစိုးရိမ်ပူပန်လာတယ်လို့ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းရဲ့ မြို့တော် နူးခ်မှာရှိတဲ့ ဒေသခံတွေက ဇန်နဝါရီ ၅ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေက ထရမ့်ပ်ရဲ့ မှတ်ချက်တွေ အရင်ကထက် ပိုပြင်းထန်လာတယ်လို့ ခံစားရပြီး အမေရိကန် ပြည်ထောင်စုက ဘာလုပ်ဖို့ ဆန္ဒရှိတာလဲ ဆိုတာကို စိုးရိမ်တာတွေ တိုးစေတယ်လို့ ပြောပါတယ်။ 

ဒိန်းမတ် ဝန်ကြီးချုပ်က တနင်္လာနေ့အစောပိုင်းမှာ ဂရင်းလန်းအကြောင်း ပြောချိန်မှာ ထရမ့်ပ်ကို အလေးအနက်ထားရမယ်လို့ ပြောခဲ့ပြီး ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အစိတ်အပိုင်းတခု ဖြစ်မလာချင်ဘူးလို့လည်း ထပ်လောင်းပြောခဲ့ပါတယ်။

ဗင်နီဇွဲလားခေါင်းဆောင်ကို ဖမ်းဆီးခဲ့တဲ့ အမေရိကန် စစ်ရေး လှုပ်ရှားမှုအပြီးမှာ ဥရောပ အင်အားကြီးနိုင်ငံတွေကလည်း ဂရင်းလန်းကို ထောက်ခံခဲ့ကြပြီး ဒိန်းမတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ ဂရင်းလန်ကျွန်းဟာ အလားတူအခြေအနေနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ စိုးရိမ်မှုတွေ ဒိန်းမတ်နိုင်ငံမှာ ပြန်ပေါ်လာခဲ့ပါတယ်။ 

အမေရိကန်က ရေနံထုတ်လုပ်တဲ့ ဗင်နီဇွဲလားကို ယာယီထိန်းချုပ်ထားတယ်လို့ ပြောခဲ့တဲ့ ထရမ့်ပ်က ဂရင်းလန်းကို သိမ်းပိုက်ချင်တယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့တာပါ။

ထရမ့်ပ်က “ကျနော်တို့ဟာ ဂရင်းလန်းကို လုံးဝလိုအပ်ပါတယ်။ ကာကွယ်ရေးအတွက် လိုအပ်ပါတယ်”လို့ တနင်္ဂနွေနေ့မှာ သ အက်တလန်းတစ် မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။

တနင်္လာနေ့အစောပိုင်းမှာ Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေနဲ့ စကားပြောရာမှာလည်း ထရမ့်ပ်က သီတင်းပတ်နည်းနည်းအတွင်း ဒီအကြောင်းအရာကို ပြန်သုံးသပ်မယ်လို့ ထပ်ပြောခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013