
ဂရင်းလန်းကို သိမ်းပိုက်မယ်လို့ ခြိမ်းခြောက်မှုတွေအပြီးမှာ အမေရိကန်နဲ့ ဒိန်းမတ်နိုင်ငံတို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဂရင်လန်းကျွန်းကို အင်အားသုံးသိမ်းပိုက်မယ်လို့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ဒိန်းမတ်တို့ သဘောတူညီမှုရခဲ့တယ်လို့ ကြေညာခဲ့တာကြောင့် အဲ့ဒီ အငြင်းပွားမှုတွေကို သံတမန်နည်းနဲ့ ဖြေရှင်းနိုင်ခဲ့တာပါ။
သဘောတူညီမှုက အမေရိကန်အတွက် လုံခြုံရေးနဲ့ အခြားလိုအပ်ချက်တွေ အားလုံးနဲ့ ပတ်သက်ပြီး အမြဲတမ်းထိမ်းချုပ်ခွင့်ရမယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ဒိန်းမတ်ဝန်ကြီးချုပ်ကတော့ ဒီသဘောတူညီချက်က အာတိတ်နဲ့ မြောက်အာတ္တလန်တစ်ဒေသ လုံခြုံရေး တိုးမြှင့်နိုင်မယ်လို့ ပြောဆိုခဲ့ပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မပြောခဲ့ ပါဘူး။
ထရမ့်ပ်ဟာ ဂရင်းလန်းမှာ သတ္တုပေါများမှုနဲ့ ကာကွယ်ရေးရည်ရွယ်ချက်တွေကြောင့် အချက်အခြာ ကျတဲ့ နေရာအဖြစ် မျက်စိကျခဲ့ပြီး အမျိုးသားလုံခြုံရေးစိုးရိမ်ရမှုနဲ့ သိမ်းယူဖို့ လပေါင်းများစွာ ခြိမ်းခြောက်ခဲ့တာပါ။
“အမေရိကန်အတွက် ကုန်ကျစရိတ်လုံးဝမရှိပါဘူ။ ဂရင်းလန်း လုံခြုံရေးနဲ့ကာကွယ်ရေးအတွက် လိုအပ်တဲ့ အချိန်မှာ အမေရိကန်က ဆောင်ရွက်ခွင့်ရှိပါတယ်” လို့ ဆိုရှယ်မီဒီယာမှာ ထရမ့်ပ်က ရေးသားထားပါတယ်။
ဒီသဘောတူညီချက်မှာ သက်တမ်းကုန်ဆုံးတဲ့ ရက်မပါဘဲ ရန်သူတွေဟာ အမေရိကန်ရဲ့ သဘောတူညီမှု မရဘဲ ဒီမြေပေါ်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တာမျိုး လုပ်ခွင့်ရှိမှာမဟုတ်ပါဘူး။
အမေရိကန်ကတော့ ဂရင်းလန်းကျွန်းပေါ်မှာ စစ်ရေးနဲ့ ဆိုင်တဲ့ လှုပ်ရှားမှုတွေကို လုပ်ပိုင်ခွင့်ရရှိ မှာဖြစ်ပါတယ်။
အမေရိကန်နဲ့ ဒိန်းမတ်တို့ဟာ ဒီသဘောတူညီမှုကို လာမဲ့အပတ် ကုလသမဂ္ဂအထွေထွေ အစည်းအဝေးမှာ လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။
Source:Reuters











