
စက်တင်ဘာ ၂၇ ရက်မှာ လုပ်ဖို့ စီစဉ်ထားတဲ့ ပါကစ္စတန် တာရိခ်အီ အင်းဆက်ဖ် ပန်ဂျပ်ပါတီ (PTI)ရဲ့ ဆန္ဒပြချီတက်ပွဲမတိုင်မီ ထောင်ဒဏ်ကျခံနေရတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အမ်ရမ်ခန်းရဲ့ ညီမဖြစ်သူ အာလီမာခန်းကို လာဟိုးမြို့က သူ့အိမ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ PTI ရဲ့ ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။
လာဟိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ အသိပေးချက်ထဲမှာ သူ့ကို ဖမ်းပြီး ရက်ပေါင်း ၃၀ ကြာ ထောင်ချထားတယ်လို့ ဖော်ပြထားပါတယ်။
ထောက်လှမ်းရေးသတင်းအချက်အလက်တွေအရ သူက အများပြည်သူဆိုင်ရာ နေရာတခုခုမှာ ရှိနေတာဟာ ပြည်သူ့လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်စေလိမ့်မယ်လို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
အမ်ရမ်ခန်းရဲ့ ပါတီက သူ့ကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ လာမဲ့သီတင်းပတ်မှာ အစ္စလာမာဘတ်မြို့ဆီ ချီတက်ပွဲတခုလုပ်ဖို့ စီစဉ်ထားပါတယ်။
ဆန္ဒပြချီတက်ပွဲကို ဟန့်တားဖို့ အစိုးရအနေနဲ့ လုပ်နိုင်သမျှ နည်းအားလုံးကို သုံးမယ်လို့ ပါကစ္စတန် ပြည်ထဲရေးဝန်ကြီး မိုဆင်နာဗီက စနေနေ့မှာ ပြောပါတယ်။
Photo: Reuters











