DVB Logo
Home
မြန်မာသတင်း
Sinsay Brand ချုပ်သည့် စက်ရုံများ အလုပ်သမားအခွင့်အရေး အငြင်းပွားမှု အများဆုံးဖြစ်
DVB
·
January 5, 2026
Sinsay Brand ချုပ်သည့် စက်ရုံများ အလုပ်သမားအခွင့်အရေး အငြင်းပွားမှု အများဆုံးဖြစ်
Donate to DVB

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ပြည်တွင်း စက်ရုံလုပ်ငန်းတွေထဲမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုနဲ့ အငြင်းပွားမှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီး Sinsay Brand ကို ချုပ်လုပ်နေတဲ့ စက်ရုံတွေက အငြင်းပွားမှုအများဆုံး စက်ရုံတွေထဲမှာ ထိပ်ဆုံးအဆင့်က ပါဝင်နေတယ်လို့ Solidarity Trade Union of Myanmar (STUM) က ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

Sinsay Brand ဟာ ပိုလန်နိုင်ငံအခြေစိုက် အဝတ်အထည်နှင့် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်တဲ့ Brand တခုဖြစ်ပြီး လူငယ်အရွယ်နဲ့ မိသားစုသုံး အဝတ်အထည်တွေကို အဓိက ရောင်းချနေတဲ့ fast fashion brand တခု ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် စက်ရုံ/လုပ်ငန်းဆိုင်ရာ အငြင်းပွားမှု စာရင်းအချက်အလက်တွေအရ စုစုပေါင်း စက်ရုံပေါင်း ၆၀ ကျော်အနက် Sinsay Brand ကို ချုပ်လုပ်တဲ့ စက်ရုံတွေမှာ အငြင်းပွားမှု အများဆုံးရှိနေတယ်လို့ ဆိုပါတယ်။

Brand အလိုက် ကြည့်ရင်လည်း Sinsay Brand ဟာ အငြင်းပွားမှုဖြစ်စဉ် ၄ ခုနဲ့ Brand အမည်သိ အုပ်စုများအနက် အများဆုံးဖြစ်ပွားနေတဲ့ Brand တခု ဖြစ်တယ်လို့ STUM ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

STUM အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း အလုပ်သမားအရေး အမှုပေါင်း ၂၃၁ ခုကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး အလုပ်သမား ၁၁,၉၀၇ ယောက်အတွက် တိုက်ရိုက်အကျိုးခံစားခွင့် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

အငြင်းပွားမှုများအနက် အလုပ်ထုတ်ပယ်မှုဆိုင်ရာ ပြဿနာတွေက အများဆုံးဖြစ်ပြီး ၂၉ ရာခိုင်နှုန်းရှိကာ လုပ်ခလစာဆိုင်ရာ ပြဿနာတွေက ၂၃ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး ဖြစ်ကြောင်းလည်း STUM က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013