DVB Logo
Home
မြန်မာသတင်း
လူသတ်၊ မုဒိမ်းမှု ကျူးလွန်သည့် မြန်မာ ၁ ဦးကို ထိုင်းက မှားယွင်းပြန်ပို့  
DVB
·
January 5, 2026
လူသတ်၊ မုဒိမ်းမှု ကျူးလွန်သည့် မြန်မာ ၁ ဦးကို ထိုင်းက မှားယွင်းပြန်ပို့  
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်ထဲမှာ ထိုင်းအမျိုးသမီးတယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်မှု သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားကို ထိုင်းအာဏာပိုင်တွေက မှားယွင်းပြီး နေရပ်ပြန်လည်ပို့ဆောင်မိခဲ့တဲ့အကြောင်း Bangkok Post သတင်းမှာ ဇန်နဝါရီ ၃ ရက်က ဖော်ပြပါတယ်။

လူသတ်၊ မုဒိမ်းကျင့်မှုအတွက် သံသယရှိသူ အမည်ကိုတော့ ထွန်းသာအောင် လို့ ဖော်ပြထားပြီး ထိုင်းအမျိုးသမီးကို မုဒိမ်းကျင့် လူသတ်မှုမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတုန်းက ဖြစ်ပွားခဲ့ကာ နိုဝင်ဘာ ၁၁ ရက်မှာ အသတ်ခံရတဲ့ အမျိုးသမီးရဲ့ မိခင်ဖြစ်သူက သမီးဖြစ်သူအတွက် တရားမျှတမှုရရှိနိုင်ဖို့ အမှုဖွင့် တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ခွဲ ၅ ရဲ့ အဆိုအရ သံသယရှိသူ ထွန်းသာအောင်ကို နိုဝင်ဘာ ၁၅ ရက်မှာ မဲဆောက် လူဝင်မှုကြီးကြပ်ရေးရုံးကို လွှဲပြောင်းပေးခဲ့သလို ရဲတပ်ဖွဲ့ကတော့ အဲဒီနေ့မှာပဲ သူက လူသတ်မှု သံသယရှိသူ ဖြစ်တာကြောင့် နေရပ်ပြန်ပို့တာကို ရပ်ဆိုင်းထားဖို့ တောင်းဆိုတဲ့ စာတစောင်ကို ပေးပို့ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအချိန်မှာ စုံစမ်းစစ်ဆေးသူတွေအနေနဲ့ DNA စစ်ဆေးချက် ရလဒ်ကို စောင့်ဆိုင်းနေရတာကြောင့် ဖမ်းဝရမ်း ထုတ်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ ဖမ်းဝရမ်း ထွက်လာခဲ့ပြီး ရဲတပ်ဖွဲ့က သံသယရှိသူကို ဖမ်းဆီး ထိန်းသိမ်းဖို့ လူဝင်မှုကြီးကြပ်ရေးရုံးဆီ သွားရောက်ခဲ့ကြချိန်မှာတော့ သူ့ကို လွန်ခဲ့တဲ့ တလလောက်ကတည်းက မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၆ ရက်က မဲဆောက်ကတဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကို ပြည်နှင်ဒဏ်ပေးခဲ့ရာမှာ သံသယရှိတရားခံ ထွန်းသာအောင်လည်း ပါဝင်သွားခဲ့ကာ အဲဒီအချိန်က တာဝန်ကျအရာရှိတွေကတော့ သူတို့အနေနဲ့ ပြည်နှင်ဒဏ်ဆိုင်းငံ့ကြောင်း အကြောင်းကြားစာကို မရရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ခွဲ ၅ မှ ရဲဗိုလ်ချုပ် ဆာရာဝတ် ခွန်ယိုင်ကတော့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေအနေနဲ့ ဖြစ်ရပ်မှန်အားလုံးကို စုဆောင်းကြဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှာ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းရဲတပ်ဖွဲ့က သံသယရှိသူကို ထိုင်းနိုင်ငံမှာ ပြန်လည်တရားစွဲဆိုနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေက ဒါဟာ ဆက်သွယ်ရေးပိုင်းမှာ အမှားအယွင်းရှိခဲ့တာကြောင့်လို့ ဆိုနိုင်ပေမဲ့ အမှန်တကယ် ပေါ့ဆမှုကြောင့်လား၊ ဒါမှမဟုတ် တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလား ဆိုတာကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး စစ်ဆေးသွားမှာဖြစ်ကာ ပါဝင်ပတ်သက်သူတွေကို အရေးယူသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013