DVB Logo
Home
မြန်မာသတင်း
၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၇,၁၃၉ ကြိမ်ဖြစ်ပွား၊ စစ်တပ်အင်အား ၉,၅၀၀ ကျော် ဆုံးရှုံး 
DVB
·
January 5, 2026
၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲ ၇,၁၃၉ ကြိမ်ဖြစ်ပွား၊ စစ်တပ်အင်အား ၉,၅၀၀ ကျော် ဆုံးရှုံး 
Donate to DVB

၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း တော်လှန်ရေးအဖွဲ့တွေကြားနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲပေါင်း ၇,၁၃၉ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ 

ဒီတိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က သေဆုံးသူ ၅,၆၉၉ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၂,၇၂၆ ယောက်နဲ့ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၁,၁၂၄ ယောက်အထိ ရှိခဲ့ပြီး စုစုပေါင်း အင်အားပြုန်းတီးမှုက ၉,၅၀၀ ကျော်အထိ ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒေသအလိုက်ကြည့်ရင် အညာဒေသနဲ့ စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဆင်နွှဲခဲ့တဲ့ တိုက်ပွဲပေါင်း ၂,၉၈၄ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအမျိုးအစားအရတော့ ရင်ဆိုင်တိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲနဲ့ ရန်သူ့စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကြီးတွေ ၁,၃၈၆ ကြိမ်ရှိခဲ့သလို ပြောက်ကျားပစ်ခတ်တာနဲ့ မိုင်းဆွဲတိုက်ခိုက်တာလို တိုက်ပွဲငယ်တွေကိုလည်း ၈၀၀ ကြိမ်ကျော် ဆင်နွှဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စစ်တပ်စခန်းတွေနဲ့ စစ်ကြောင်းတွေကို ဒရုန်းတွေ သီးသန့် အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့ အကြိမ်ရေကလည်း ၇၀၀ ကျော်ရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013