DVB Logo
Home
အားကစား
စထရတ်ဘော့ချ်နည်းပြ ရိုဆင်နီယာကို နည်းပြချုပ်တာဝန်ပေးရန် ချဲလ်ဆီးအသင်း နီးစပ်လာ
DVB
·
January 5, 2026
စထရတ်ဘော့ချ်နည်းပြ ရိုဆင်နီယာကို နည်းပြချုပ်တာဝန်ပေးရန် ချဲလ်ဆီးအသင်း နီးစပ်လာ
Donate to DVB

ချဲလ်ဆီးအသင်းဟာ ပြင်သစ်ကလပ် စထရတ်ဘော့ချ်နည်းပြ ရိုဆင်နီယာကို နည်းပြချုပ်တာဝန် ပေးအပ်ဖို့ ပိုမိုနီးစပ်လာပါတယ်။

ယူ-၂၁ အသင်းနည်းပြ မက်ဖာလိန်က တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်စီးတီးနဲ့ တဂိုးစီ သရေကျတဲ့ပွဲစဉ်ကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး တနင်္လာနေ့မှာ နည်းပြသစ်ကို ကြေညာဖို့ရှိကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။

ယာယီနည်းပြ မက်ဖာလိန် ကိုလည်း မန်စီးတီးနဲ့ပွဲစဉ်တပွဲကိုပဲ တာဝန်ယူရမဲ့အကြောင်း ကြိုတင်အသိပေးထားပြီး နည်းပြသစ်ဟာ ဇန်နဝါရီ ၅ ရက်မှာ ရောက်ရှိလာဖို့ အခွင့်အလမ်းများကြောင်း နည်းပြမက်ဖာလိန်က ပြောထားတာပါ။

စထရတ်ဘော့ချ်အသင်းဟာ ချဲလ်ဆီးအသင်းနဲ့ ပိုင်ရှင်တူ ညီအမကလပ်ဖြစ်ပြီး ချဲလ်ဆီးအသင်းက အင်္ဂလိပ်နည်းပြ ရိုဆင်နီယာကို နည်းပြချုပ် တာဝန်ပေးအပ်ဖို့ မိုပိုနီးစပ်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013