DVB Logo
Home
မြန်မာသတင်း
အကျဉ်းသား ၆,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး 
DVB
·
January 4, 2026
အကျဉ်းသား ၆,၀၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး 
Donate to DVB

ဇန်နဝါရီ ၄ ရက်၊  ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆,၁၃၄  ယောက်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးလိုက်ပြီး နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၅၂ ယောက်ကိုလည်း ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပေးကာ ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့  စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ချုပ်နှောင်ခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ ၆၁၃၄ ယောက်ကို နောက်တကြိမ် ကျူးလွန်ရင် အခုကျန်တဲ့ထောင်ဒဏ်တွေကိုလည်း ဆက်လက်ကျခံမယ်ဆိုတဲ့ စည်းကမ်းချက်နဲ့ လျှော့ပေါ့လွတ်ငြိမ်းပေးလိုက်တာပါ။

ဇန်နဝါရီ ၄ ရက် ဒီနေ့မတိုင်ခင်က လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများအက်ဥပဒေ၊ မတရားအသင်းများအက်ဥပဒေ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ)၊ ၁၉၄၉ ခုနှစ် လက်နက်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်၊ ၂၀၂၃ ခုနှစ်၊ လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတို့ကလွဲလို့ တခြား ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချခံထားရသူတွေရဲ့ ကျန်ရှိတဲ့ထောင်ဒဏ်ကိုတော့ ၆ ပုံ ၁ ပုံ လျှော့ပေးတယ်လို့ ကြေညာပါတယ်။

ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား တော်တော်များများကတော့ အခုလွတ်ငြိမ်းသက်သာကနေ လျှော့ပေးတာမှာ မပါဝင်ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013