DVB Logo
Home
အားကစား
ဆန်းဒါးလန်းနှင့်ပွဲ သရေကျပြီး အာဆင်နယ်နှင့် ၄ မှတ်ကွာသွားသည့် မန်စီးတီး
DVB
·
January 2, 2026
ဆန်းဒါးလန်းနှင့်ပွဲ သရေကျပြီး အာဆင်နယ်နှင့် ၄ မှတ်ကွာသွားသည့် မန်စီးတီး
Donate to DVB

ဆန်းဒါးလန်းအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဆန်းဒါးလန်းနဲ့ မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ်ပွဲမှာ ဂိုးမရှိသရေကျသွားပါတယ်။

အဆင့်တစ်နေရာက အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့ နိုင်ပွဲလိုနေတဲ့ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပြီး အပိုင်ဂိုးသွင့်ခွင့်တွေ ရခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့သလို ဂိုးရခဲ့ပေမဲ့ လူကျွံဘော ဖြစ်ခဲ့တာတွေကြောင့် ပွဲအပြီးမှာ ဂိုးမရှိ သရေကျခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်း နည်းပြ ပက်ပ်ဂွါဒီယိုလာကတော့ ဒီပွဲက ပွဲကောင်းတပွဲဖြစ်ခဲ့ပြီး ခက်ခဲတဲ့ပြိုင်ဘက်ကို ခက်ခဲတဲ့ကွင်းမှာ ကစားခဲ့တဲ့ သူ့အသင်းကစားပုံကို ကျေနပ်တယ်လို့ ပြောပါတယ်။

ဒီသရေရလဒ်ကြောင့် ပရီးမီးယားလိဂ် ရာသီဝက်အပြီးမှာ မန်ချက်စတာစီးတီးအသင်းက ထိပ်ဆုံးက အာဆင်နယ်အသင်းနဲ့ ၄ မှတ်ကွာသွားပြီး ဒုတိယနေရာနဲ့ ရာသီဝက်ကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်အသင်းက ရမှတ် ၄၅ မှတ်နဲ့အဆင့် ၁ နေရာမှာရှိနေပြီး မန်ချက်စတာစီးတီးအသင်းက ရမှတ် ၄၁ မှတ်နဲ့ အဆင့် ၂ နေရာမှာရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013