DVB Logo
Home
နိုင်ငံတကာ
ကလေးမွေးဖွားနှုန်း မြှင့်မည့် အစီအစဉ် တရုတ် စတင် 
DVB
·
January 1, 2026
ကလေးမွေးဖွားနှုန်း မြှင့်မည့် အစီအစဉ် တရုတ် စတင် 
Donate to DVB

ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဇန်နဝါရီ ၁ ရက်ကစပြီး ကလေးမွေးဖွားမှုနှုန်း တိုးမြှင့်အောင် ဆောင်ရွက်မဲ့ အစီအစဉ်တွေ စတင်မှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်မှာ သန္ဓေတားတဲ့ ပစ္စည်းရောင်းချမှုကို အခွန် ၁၃ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး ကလေးထိန်းကျောင်းတွေကို အခွန်ကင်းလွတ်ခွင့်ပေးမှာ ဖြစ်ပါတယ်။

တအိမ်ထောင် ကလေးတယောက်ပဲ ယူရမယ်ဆိုတဲ့ စည်းမျဉ်းတွေကို ပြီးခဲ့တဲ့နှစ်က ပယ်ဖျက်ခဲ့ပြီး ၁၉၉၄ ခုနှစ်က အခွန်ကောက်ခံတဲ့အစီအစဉ် အများစုကို ဖယ်ရှားခဲ့တာပါ။

စနစ်သစ်မှာ လက်ထပ်ထိမ်းမြားမှု ဝန်ဆောင်မှုတွေနဲ့ သက်ကြီးစောင့်ရှောက်ရေးတွေကိုလည်း အခွန်ကင်းလွတ်ခွင့်ပေးထားကာ မိဘတွေအတွက် ခွင့်ရက်တွေ တိုးပေးတာနဲ့ ငွေကြေးထောက်ပံ့မှု ပြုလုပ်တာတွေ ပါဝင်ပါတယ်။

တရုတ်နိုင်ငံမှာ အသက်ကြီးသူတွေ များလာတဲ့အရေး၊ စီးပွားရေး နှေးကွေးလာမှုတို့ကြောင့် လူငယ်တွေ အိမ်ထောင်ပြုကြဖို့၊ ကလေးယူကြဖို့ တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ကြိုးစားလာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၃ နှစ်ဆက်တိုက် လျော့လာပြီး ၂၀၂၄ ခုနှစ်က ကလေးမွေးဖွားမှုနှုန်း ၉ ဒသမ ၅၄ သန်းသာ ရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်က အရေအတွက်နဲ့ ယှဉ်ရင် တဝက်ပဲ ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကလေးတယောက်ကို ပြုစုပျိုးထောင်ရာမှာ ကုန်ကျစရိတ်အများဆုံးနိုင်ငံ စာရင်းမှာ ပါဝင်တယ်လို့ ပေကျင်းအခြေစိုက် ယူဝါ လူဦးရေလေ့လာမှုက‌ ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ ကျောင်းစရိတ်မြင့်မားမှုနဲ့ အမျိုးသမီးတွေဟာ အလုပ်နဲ့ ကလေးကြားမှာ ရုန်းကန်ရတဲ့ စိန်ခေါ်မှုတွေလည်း ရှိနေကြောင်း အဲဒီလေ့လာမှုမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ လိင်အရုပ်တွေ ရောင်းအားကောင်းနေတာကြောင့် လူငယ်တွေဟာ အိမ်ထောင်ပြုတဲ့ ဝန်ထုပ်ဝန်ပိုးကို ရှောင်လွှဲလာကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013