DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲအဆုံးသတ်လိုသော်လည်း ယူကရိန်းနိုင်ငံ အဆုံးသတ်မှုမျိုး မလိုချင်ဟု ဇလန်းစကီး ပြော
DVB
·
January 1, 2026
စစ်ပွဲအဆုံးသတ်လိုသော်လည်း ယူကရိန်းနိုင်ငံ အဆုံးသတ်မှုမျိုး မလိုချင်ဟု ဇလန်းစကီး ပြော
Donate to DVB

ယူကရိန်းဟာ စစ်ပွဲကို အဆုံးသတ်ချင်ပေမဲ့ ဘယ်လိုတန်ဖိုးနဲ့ဖြစ်ဖြစ် အဆုံးသတ်တာမျိုးတော့ မဟုတ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောပါတယ်။

ယူကရိန်းဟာ စစ်ကိုအဆုံးသတ်ဖို့ ဆန္ဒရှိပေမဲ့ ယူကရိန်းနိုင်ငံကို အဆုံးသတ်စေတာမျိုး မလိုချင်ကြောင်းနဲ့ စစ်ပွဲတွေ ရှည်ကြာစေမဲ့ အားနည်းတဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုမျိုးကို လက်မှတ်ထိုးမှာ မဟုတ်ကြောင်း ဇလန်းစကီးက ထပ်မံပြောပါတယ်။

ဇလန်းစကီးဟာ နှစ်သစ်ကူးမဲ့ ညသန်းခေါင်မတိုင်မီ သူ့ရဲ့ သမ္မတရုံးကနေ မိန့်ခွန်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ ပင်ပန်းနေလားဆိုရင် အရမ်းပင်ပန်းနေပါတယ်။ ဒါက လက်နက်ချဖို့ အဆင်သင့်ပဲဆိုတဲ့ သဘောလားလို့ ထင်ရင်တော့ လုံးဝမှားမှာပါ” လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံဟာ ဒီဇင်ဘာ ၃၀ ရက်က အမေရိကန်တပ်ဖွဲ့တွေ ယူကရိန်းမှာ လုံခြုံရေးအာမခံမှု တစိတ်တပိုင်းအဖြစ် တပ်စွဲမဲ့ကိစ္စကို အမေရိကန်နဲ့ ဆွေးနွေးခဲ့ပါတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ဒါ့အပြင် ရုရှားသမ္မတ ပူတင်ရဲ့ အိမ်တိုက်ခိုက်ခံရတာနဲ့ပတ်သက်တဲ့ သတင်းတွေကလည်း မမှန်ကန်ဘူး ဆိုတဲ့အကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

အမေရိကန်အထူးကိုယ်စားလှယ် စတိဗ်ဝတ်ကော့က ဇလန်းစကီး၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ တို့က အမျိုးသားလုံခြုံရေးအကြံပေးတွေနဲ့ ရုရှားစစ်ပွဲ အဆုံးသတ်ရေးကိစ္စ နောက်တဆင့်ကို ဒီဇင်ဘာ ၃၁ ရက်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန်၊ ပြင်သစ်တို့ ဦးဆောင်ပြီး ဆန္ဒအလျောက် ပါဝင်တဲ့ မဟာမိတ်အဖွဲ့ဝင်နိုင်ငံ ၃၀ ကျော်ရှိပေမဲ့ ဘယ်နိုင်ငံတွေ အစည်းအဝေးပွဲတက်ရောက်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြင်သစ်သမ္မတ မက်ခွန်းကတော့ ဇန်နဝါရီ ၆ ရက် ပြုလုပ်မဲ့ အစည်းအဝေးပွဲမှာ မဟာမိတ်နိုင်ငံတွေဟာ ယူကရိန်းကို ကာကွယ်ဖို့ ကတိပြုရမယ်လို့ ပြောဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013