DVB Logo
Home
မြန်မာသတင်း
နှစ်သစ်တွင် အကျဉ်းသား ၁၀၀ ကျော်ကို NUG လွတ်ငြိမ်းခွင့်ပေး
DVB
·
January 1, 2026
နှစ်သစ်တွင် အကျဉ်းသား ၁၀၀ ကျော်ကို NUG လွတ်ငြိမ်းခွင့်ပေး
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်သမ္မတရုံးဟာ ၂၀၂၆ ခုနှစ် နှစ်သစ်ကူး အခါသမယကို ကြိုဆိုတဲ့အနေနဲ့ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၁၁၀ ကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း ဒီကနေ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အယောက် ၁၁၀ ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ ဆိုပါတယ်။

ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ အကျုံးမဝင်တဲ့သူတွေကိုတော့ မိမိရဲ့ ပြစ်ဒဏ် ထောင်ဒဏ်ရဲ့ သုံးပုံတပုံကိုပါ လျှော့ပေါ့ပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီအမိန့်ထုတ်ပြန်ချက်ကိုတော့ ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေနဲ့ အခုလို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တာလို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကလည်း နိုင်ငံတဝန်းက NUG အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၆၉ ယောက်ကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013