DVB Logo
Home
မြန်မာသတင်း
ငပလီဗုံးကြဲမှုတွင် ပိတ်မိနေသည့် ကလေးငယ် ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်
DVB
·
January 1, 2026
ငပလီဗုံးကြဲမှုတွင် ပိတ်မိနေသည့် ကလေးငယ် ၁ ဦးကို အသက်ရှင်လျက် ကယ်ဆယ်
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်မှာ ဒီဇင်ဘာ ၂၉ ရက် ညက စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံပြိုကျပြီး ပိတ်မိနေတဲ့ ကလေးငယ်တယောက်ကို ၁၂ နာရီ အကြာမှာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၉ ရက်မှာ ငပလီမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်ရဲ့ မိခင်ဖြစ်သူ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူနေရကာ ကလေးငယ်ကို ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းမှာ အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာလို့ ငပလီမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်ကောင်စီ ဗုံးကြဲလိုက်တာဟာ အခု ရှာဖွေတွေ့ရှိတဲ့ ကလေးတို့အိမ်မှာ ကျရောက်ပေါက်ကွဲခဲ့တာ။ အမေဖြစ်သူကတော့ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးသွားပြီး အဖေဖြစ်သူလည်း ဒဏ်ရာနဲ့ ဆေးကုသနေရတယ်။ ကလေးကိုတော့ မနက်မိုးလင်းမှပဲ အပျက်အစီးတွေအောက်က ရှာတွေခဲ့တာ။ ကလေးကို သေသွားပြီလို့တောင် ချမှတ်ထားကြတာ။ ကလေးက ခြေထောက်မှာ ဒဏ်ရာအနည်းငယ် ရှိခဲ့ပေမဲ့ အပြင်းအထန်တော့ မဟုတ်ဘူး။ ကလေးက အရမ်းကြောက်နေတယ်။ ကံသီလို့ မသေခဲ့တာပေါ့။”

အသက်ရှင်လျက် ရှာဖွေတွေ့ရှိခဲ့တဲ့ ကလေးငယ်ဟာ အသက် ၂ နှစ်အရွယ် မအေးသန္တာထွန်း ဖြစ်ပြီး လက်ရှိမှာ မိသားစုဝင်တွေက ထိန်းသိမ်းစောင့်ရှောက်ထားကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငပလီမြို့၊ လင်းသာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၉ ယောက် သေဆုံးပြီး နောက်ထပ် ၁၅ ယောက်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့က စစ်ကောင်စီက မြောက်ဦးမြို့ ပြည်သူ့ဆေးရုံနဲ့ ကျောက်ဖြူမြို့နယ် ငလုံးစုကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၂ ယောက်နဲ့အထက် သေဆုံးခဲ့ပြီး နောက်ထပ် ၈၀ ကျော်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် ဆောင်ရွက်လာနေတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကိုလည်း အာရက္ခတပ်တော် (AA) က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013