DVB Logo
Home
အားကစား
တိုက်စစ်ကစားသမား ဂျွန်ဆင်ကို ခရစ္စတယ်ပဲလေ့စ်ဆီ ရောင်းချရန် စပါးအသင်း သဘောတူ
DVB
·
December 31, 2025
တိုက်စစ်ကစားသမား ဂျွန်ဆင်ကို ခရစ္စတယ်ပဲလေ့စ်ဆီ ရောင်းချရန် စပါးအသင်း သဘောတူ
Donate to DVB

စပါးအသင်းဟာ တိုက်စစ်ကစားသမား  ဘရန်နန်ဂျွန်ဆင်ကို  ခရစ္စတယ်ပဲလေ့စ်အသင်းဆီ ရောင်းချဖို့ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။

လန်ဒန်ကလပ် ၂ သင်းကြားမှာ ဂျွန်ဆင်အတွက် ပေါင် ၃၅ သန်းနဲ့ သဘောတူခဲ့တာဖြစ်ပြီး ကစားသမားနဲ့ သဘောတူညီမှု ရရှိဖို့သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ဂျွန်ဆင်ကို ဘုန်းမောက်အသင်းကလည်း ဆမ်မန်ညို ထွက်ခွါချိန်မှာ အစားထိုးဖို့ စိတ်ဝင်စားနေပေမဲ့ ခရစ္စတယ်ပဲလေ့စ်က လက်ဦးမှု ရယူနိုင်ခဲ့တာပါ။

စပါးနည်းပြ သောမက်စ်ဖရန့်ခ်ကတော့ ဘရန်နန်ဂျွန်ဆင်ဟာ ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ်ဆန်သူ ဖြစ်ပြီး နှစ်သစ်ကူးမှာ ကစားမဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲအတွက် အဆင်သင့်ရှိနေကြောင်း ပြောပါတယ်။

စပါးအသင်းဟာ ဂျွန်ဆင်နေရာအတွက် မန်စီးတီးက ဘရာဇီးတောင်ပံကစားသမား ဆာဗင်ဟိုနဲ့ အစားထိုးနိုင်ဖို့ စီစဉ်နေပြီး လိုက်ပ်ဇစ်လူငယ်ကြယ်ပွင့် ဂမ်ဒီယွန်မန်ဒီ ကိုလည်း ရွေးချယ်စရာတခုအဖြစ် သတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013